သက်ဆုံးတိုင် ချစ်ခဲ့ကြတဲ့ ဇနီးမောင်နှံ


အေသင်အောင်

အင်္ဂလန်နိုင်ငံ၊ ဟက်ဖို့ဒ်ရှိုင်းယားမှာ နေထိုင်တဲ့ ဇနီးမောင်နှံဟာ သက်ဆုံးတိုင် ချစ်ခဲ့သူတွေအဖြစ် သတ် မှတ်ခံခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ဇနီးမောင်နှံဟာ နာရီပိုင်းသာခြားပြီး ရှေ့ဆင့်၊ နောက် ဆင့် ကွယ်လွန်သွားတာ ဖြစ်ပြီး အသုဘ အခမ်းအနားကိုလည်း တစ်ရက်တည်း ကျင်းပခဲ့ကာ အထူး ပြုလုပ်ထားတဲ့ ခေါင်းတလား တစ်ခုတည်းမှာ အတူ ထည့်သွင်းခဲ့ပါတယ်။ ဒီလို အသုဘအခမ်းအနားမျိုးကို ဗြိတိန်မှာ ပထမဆုံးအဖြစ် ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသက် (၄၆)နှစ် အရွယ်ရှိနေကြ ပြီဖြစ်တဲ့ ကီဗင်းနဲ့ ခရစ္စတင်းတို့ဟာ နှစ် (၄၀)ပြည့် မင်္ဂလာနှစ်ပတ်လည်မတိုင်မီ တစ်ပတ်အလိုမှာ ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ ကီဗင်ဟာ ရောဂါဝေဒနာ စတင်ခံစားခဲ့ရတာဖြစ်ပြီး အစောပိုင်းမှာ ဇနီးဖြစ်သူ ခရစ္စတင်းရဲ့ ပြုစုမှုတွေ ကို ခံယူခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ခရစ္စတင်းဟာ ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး အိမ်သာထဲ လဲသွားခဲ့ပါတယ်။ ခရစ္စတင်းဟာ ခင်ပွန်းဖြစ်သူရဲ့ အသက်ကို မကယ် တင်နိုင်တော့ ဘူးလို့ သိလိုက်ရ ပြီးနောက်ပိုင်း စိတ်မကောင်းဖြစ်ကာ ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ခရစ္စတင်း ကွယ်လွန်ပြီး နှစ်နာရီ အကြာမှာ ကီဗင်လည်း ကွယ်လွန်သွားခဲ့ ပါတယ်။

အရမ်းကို တိုက်ဆိုင်ဖို့ ကောင်းတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ မေလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့ တာပါ။ သမီးဖြစ်သူ ကယ်လီဟာ မိဘနှစ်ပါး စလုံးကို ခေါင်းတလားတစ်ခုတည်းမှာ အတူထားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ကီဗင်တို့ ဇနီးမောင်နှံဟာ သဘောကောင်းသူတွေဖြစ်တာမို့ သူတို့ရဲ့ အသုဘ အခမ်းအနားကို လိုက်ပါပို့ဆောင်တဲ့သူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၁၉၇၁ ခုနှစ် မှာ စတင် ဆုံဆည်းခဲ့တာ ဖြစ်ပြီး သေဆုံးတဲ့အခါမှာလည်း အတူတူ ဖြစ်ခဲ့တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါ တယ်။ အခေါင်း ပြုလုပ်သူ တင်မ်မော်ရစ်က သူ့အနေနဲ့ အခေါင်း တစ်ခုထဲမှာ ရုပ်အလောင်း နှစ်လောင်း ထားဖို့ ပထမဆုံး အကြိမ် ပြုလုပ် ပေးနေရခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...