ပါကင်ဆန် ရောဂါသည် အဘိုးအိုဖြစ်သူ ကိုင်တွယ်ဖို့ ခွက်ကို တီထွင်ခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် ကောင်မလေး


အေသင်အောင်

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့ မှာနေထိုင်တဲ့ အသက် (၁၁)နှစ် အရွယ် ကောင်မလေးတစ်ဦးဟာ ပါကင်ဆန်ရောဂါသည် အဘိုးဖြစ်သူ ကိုင်တွယ်နိုင်ဖို့ ခွက်အမျိုးအစားတစ်ခုကို တီထွင်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ ပါကင်ဆန်ရောဂါဟာ အကြောအားနည်းခြင်း ဖြစ်ပြီး အရာဝတ္တုတွေကို ကိုင်တွယ်ဖို့ အရမ်းကို ခက်ခဲပါတယ်။ ဒါကြောင့် လိုင်လီဘွန်ဟာ အဘိုးဖြစ်သူ ကိုင်တွယ်နိုင်တဲ့ ခွက်အမျိုးအစား တီထွင်ဖို့ ကြိုးစား အားထုတ်ခဲ့ပါတယ်။ လိုင်လီဘွန်းဟာ အသက်(၉)နှစ် အရွယ် ကတည်းက ပုံစံအမျိုးမျိုး ဆွဲပြီး ခွက်ကို တီထွင်နိုင်ဖို့ ကြံဆခဲ့ပါတယ်။

နောက်ဆုံးမှာ အဘိုးဖြစ်သူ အတွက် ခွက်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ ဒီခွက်ဟာ သုံးချောင်းထောက် ပုံစံဖြစ်ပြီး Kangaroo Cup လို့ အမည်ပေးထားပါတယ်။ ခွက်ကို သုံးချောင်း ထောက်ပုံစံ ဖန်တီးထားတာမို့ လွတ်ကျခြင်း၊ ဖိတ်စင်ခြင်းတို့ ကို မဖြစ်စေနိုင် တော့ပါဘူး။ အဓိက ကတော့ အလွယ်တကူ ကိုင်တွယ်နိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပြီး ဒီခွက်ကို ဈေးကွက်မှာ ရောင်း ချနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ လိုင်လီဘွန်က ဖခင်ဖြစ်သူရဲ့ အကူအညီပေးမှုကြောင့် စိတ်ဓာတ် မကျဘဲ အဘိုးဖြစ်သူ ကိုင်နိုင်ဖို့ ခွက် အမျိုးအစားကို တီထွင်နိုင်ခဲ့လို့ ကျေနပ်မိကြောင်း ပြောကြားသွားခဲ့ ပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...