အမြီးပေါက်နေတဲ့အတွက် နတ်ဘုရားအဖြစ် ကိုးကွယ်ခံရတဲ့ အိန္ဒိယဆယ်ကျော်သက်
Jack the Ripper on 2014-06-18 11:28
အိန္ဒိယဆယ်ကျော်သက် ကောင်လေး Arshid Ali Khan ဟာ ဟိန္ဒူနတ်ဘုရား ဟာနုမာန် ၀င်စားတဲ့ သူ တစ်ယောက်အဖြစ် ကိုးကွယ်တာကိုခံနေရပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ၇ လက်မရှိတဲ့ အမြီးကြောင့်ဖြစ်ပါတယ်။
ဒါပေမယ့် Arshid ဟာလမ်းမလျှောက်နိုင်တဲ့အတွက် အဲဒီ့အမြီးကိုဖြတ်ပစ်ပြီး လမ်းလျှောက်နိုင်အောင် ကြိုးပမ်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
‘ဘုရားသခင်က ကျွန်တော့်ကို ဒီအမြီးပေးခဲ့တာပါ။ ကျွန်တော် ဘုရားသခင်ဆီမှာဆုတောင်းပြီးတော့ လူတွေရဲ့ဆန္ဒတွေ ပြည့်ခဲ့လို့ ကျွန်တော့်ကိုကိုးကွယ်တာပါ’ လို့ Arshid ကပြောပါတယ်။
‘ကျွန်တော် အမြီးရှိတာ ကောင်းတယ် ဆိုးတယ်လို့တော့ မခံစားရပါဘူး’ လို့ပြောပါတယ်။
Arshid ရဲ့အိမ်ဟာ အခုအခါမှာတော့ ဘုရားကျောင်းတစ်ခုအဖြစ်သို့ပြောင်းသွားပြီး ကိုးကွယ်ဆည်းကပ် သူတွေက သူ့ရဲ့ကောင်းချီးပေးမှုကိုခံဖို့နဲ့ အဲဒီ့အမြီးကိုထိတွေ့ဖို့ လာရောက်ကြတာဖြစ်ပါတယ်။
တစ်ခါတစ်လေမှာတော့ Arshid တစ်ယောက် ကိုးကွယ်သူတွေအတွက် ကျောင်းနဲ့ သူ့သူငယ်ချင်းတွေ နဲ့ဆော့ကစားဖို့အချိန်ကို မျှအောင်အသုံးချဖို့အတွက် ရုန်းကန်ရပါတယ်။
‘များသောအားဖြင့် ကြားရက်တွေမှာ ကျွန်တော်ကျောင်းသွားပါတယ်။ ဒါပေမယ့်ကျောင်းပိတ် ရက်တွေဖြစ် တဲ့ တနင်္ဂနွေနေ့မှာ လူ ၂၀ ကနေ ၂၀ လောက်ကျွန်တော့်ကိုအိမ်မှာလာတွေ့ကြတယ်’ လို့ Arshid ကပြောပါတယ်။
Ref:dailymail.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)