မွေးကတည်းက လက်မောင်းတစ်ဖက်ကြီးနေတဲ့ ကမ္ဘာ့လက်မောင်းလှဲချန်ပီယံ
Angel on 2014-06-18 11:26
ဂျာမန်ဖွား Matthais Schlitte ဟာ ရှားပါးတဲ့ အရိုးများအစီအစဉ်မကျမှု ဝေဒနာကို မွေးကတည်းက ခံစား ခဲ့ရပြီး သူ့  ရဲ့ ညာဖက်လက်မောင်းဟာ ဘယ်ဖက်လက်မောင်းထက် နှစ်ဆကြီးနေခဲ့ပါတယ်။ လက်ဖျံရဲ့လုံး ပတ်ကတင် ၄၆ စင်တီမီတာရှိတာပါ။
အသက် ၂၇ နှစ်အရွယ် Matthais Schlitte ဟာ သူ့ ရှဲ့ရှားပါးရောဂါကြောင့်ပဲ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရ ပါ တယ်။ သူဟာ ကြေးစားလက်မောင်းလှဲကစားသမားအဖြစ် အသက်မွေးခဲ့ပြီးနောက် ဂျာမနီအမျိုးသား ချန်ပီယံဆု ရှစ်ကြိမ်နဲ့  အပြည်ပြည်ဆိုင်ရာလက်မောင်းလှဲချန်ပီယံဆု ၁၂ ကြိမ်ရရှိထားခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ သူ့ ရဲ့ ဇာတိမြို့ ဖြစ်တဲ့ Haldensleben ရဲ့ ဘားလေးတစ်ခုထဲကို ၀င်သွားခဲ့ပြီးချိန်ကစလို့  ကြေးစားလက်မောင်းလှဲကစားသမားဘ၀ စခဲ့တယ်လို့  ဆိုပါတယ်။
“ Haldensleben မှာရှိတဲ့ ဘားလေးတစ်ခုက ဒီနယ်ရဲ့ အသန်မာဆုံးလက်မောင်းလှဲကစားသမားကို ရှာနေခဲ့တာ၊ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံးပြိုင်ပွဲဖြစ်ခဲ့ပြီး လက်မောင်းလှဲကစားသမားဘ၀ရဲ့ အစလည်း ဖြစ်တယ်လို့ ” Matthias Schlitte က ရှင်းပြပါတယ်။
“ ဒီကစားနည်းနဲ့ ပတ်သက်ပြီး ဗဟုသုတကော လေ့ကျင့်မှုကော တစ်ခုမှမရှိဘဲနဲ့  ကျွန်တော် ၉၀ ကီလို တန်း အပျော်တန်းအဆင့်ကိုတောင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အသက် က ၁၆ နှစ်နဲ့ ၆၅ ကီလိုပဲ ရှိသေးတယ်။”
“အသက်ကြီးပြီး ပိုပြီး အတွေ့ အကြုံရှိတဲ့ ဘဲကြီးတွေက ပထမတော့ ကျွန်တော့်ကို ပြုံးကြည့်ကြတယ်။ ဒီ ၀ိတ်လေးနဲ့ ပေါ့။ ဒါပေမယ့် ပွဲကို နိုင်ပြီးတဲ့အခါမှတော့ သူတို့ အထင်တွေ ချက်ချင်းပြောင်းကုန်ကြ တယ်လေ”
လက်မောင်းလှဲအားကစားနည်းနဲ့ အရက်ဆိုင်လေးတွေက အမူးသမားတို့ ကြား ဘာမှ ပတ်သက်မှုမ ရှိကြောင်း သူက ထပ်မံပြောကြားခဲ့ပါတယ်။
Ref: Metro.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)