(၂၁) ရာစုမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုကို ပြုလုပ်နိုင်ခဲ့တဲ့ စုံတွဲ


အေသင်အောင်

တောင်အာဖရိက မှာနေထိုင်တဲ့ စုံတွဲတစ်တွဲဟာ အတ္တလန်တိတ် သမုဒ္ဒရာကို လှေနဲ့ ဖြတ်ပြီး အာဖရိကမှ အမေရိကန်ကို ပထမဆုံး ရောက်ရှိသူတွေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မန်ဆာနဲ့ ဗက်စတီတို့ စုံတွဲ ဟာ (၂၃) ပေရှိတဲ့ လှေနဲ့ သူတို့ရဲ့ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း (၁၅၃) ရက်ကြာ မြင့်ခဲ့ပါ တယ်။ မိုင်ပေါင်း (၆၅၀၀) ရှိတဲ့ အကွာအဝေးကို ဖြတ်သန်းခဲ့ပြီးတဲ့ နောက်မှာ အမေရိကန် ပြည်ထောင် စု၊ လစ်ဘာတီ ရုပ်တုကြီးရှေ့မှာ အနမ်းတွေနဲ့ အောင်ပွဲ ခံခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၃၀)မှာ ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ လမ်းခရီး တစ်လျှောက်မှာ ဒုက္ခပေါင်းများစွာ ကြုံတွေ့ခဲ့ရပါ တယ်။ စားစရာမရှိခဲ့လို့ ငါးတွေကို ဖမ်းယူစားသုံးခဲ့ ရပါတယ်။ ဒါ့အပြင် ပင်လယ်ရေတွေကို ရေချိုအဖြစ် ပြောင်းလဲပြီး သောက်သုံးမှု ပြုလုပ်ခဲ့ရပါတယ်။ သူတို့ဟာ GPSရဲ့အကူအညီကို ရယူပြီး အန္တရာယ်များတဲ့ အတ္တလန်တိတ် သမုဒ္ဒရာကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဘာဟားမားကနေ မီယာမီ၊ အဲဒီကနေတစ်ဆင့် နယူးယော့ခ်မြို့ကို ခရီးဆက်ခဲ့ရခြင်း ဖြစ်ပါတယ်။ အာဖရိကတိုက်ကနေ မြောက်အမေရိကဆီသို့ လှေနဲ့ ကူးဖြတ်လာ ရတာ ဟာ အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒါ ပေမယ့် သူတို့စုံတွဲဟာ အာဖရိကကနေ အမေရိကန်ကို လှေနဲ့ ပထမဆုံးဖြတ်ခဲ့သူတွေ အဖြစ် စံချိန်တင်ရှိ သွားခဲ့ပါတယ်။ မန်ဆာက ကျွန်တော် တို့ဟာ (၂၁) ရာစုမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အရမ်းကို စိတ်လှုပ်ရှားမိပါ တယ် လို့ ပြောသွားခဲ့ပါတယ်။ အသက်(၄၀)နှစ် အရွယ်ရှိ မန်ဆာက သမုဒ္ဒရာကို ဖြတ်သန်းတဲ့ အချိန်မှာ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပြီး ငါးရက်မြောက်နေ့ မှာ ဆက်လက် မသွားတော့ဖို့ ဆုံးဖြတ်တဲ့ အထိဖြစ်ခဲ့ရ တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ မန်ဆာဟာ တွေ့ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားမယ် လို့ စိတ်ဓာတ်ယုံကြည် ပြီး ခရီးပန်းတိုင် အဆုံးအထိ ရောက်အောင် သွားနိုင်ခဲ့လို့ ချီးကျူးစရာ ဖြစ်ခဲ့ရပါ တယ်။


The Messenger
-----------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...