(၂၄)နာရီအတွင်း အမေရိကန် တိုက်လေယာဉ်(၂)စင်း သီးခြားစီပျက်ကျ

 

အမေရိကန် ရေတပ်မှ တိုက်လေယာဉ် တစ်စင်းသည် လေယာဉ်တင် သင်္ဘောပေါ် အဆင်းတွင် ပျက်ကျ သွားခဲ့ကြောင်း သိရှိရသည်။ ကြာသပတေးနေ့ နံနက်ပိုင်းက ကယ်လီဖိုးနီးယား တောင်ပိုင်းဒေသတွင် ယခုကဲ့သို့ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဟု ရေတပ်ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ F/A-18E Super Hornet အမျိုးအစား တိုက်လေယာဉ်မှ လေယာဉ်မှူးမှာ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပြီး ရေထဲသို့ ကျသွားခဲ့သည်။ ၎င်းကို ရေတပ်က ဆယ်ယူခဲ့ပြီး ယခုအခါ အခြေအနေ တည်ငြိမ်နေပြီဟု သိရသည်။ USS Carl Vinson လေယာဉ်တင် သင်္ဘောပေါ် ဆင်းသက်ရန် လေယာဉ်ပျံဝဲ ချဉ်းကပ်လာ ရင်း ယခုလို ပျက်ကျခြင်း ဖြစ်သည်။



အမေရိကန် စစ်ဘက်သုံး တိုက်လေယာဉ်များ ပျက်ကျမှုသည် (၂၄)နာရီ မပြည့်မီ (၂)ကြိမ်ဆက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမတိုင်မီကလည်း ရေတပ်၏ AV-8B Harrier အမျိုးအစား လေယာဉ် တစ်စင်းသည် ဆန်ဒီယေဂို အနီးရှိ လူနေအိမ်ပေါ် ပျက်ကျမှု ဖြစ်ပွားခဲ့သေးသည်။ Super Hornet လေယာဉ်မှာမူ သင်္ဘောကုန်းပတ်အနီး ဆင်းသက်လာစဉ် လမ်းကြောင်းလွဲပြီး ရေပြင်နှင့် ရိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်က ဆိုသည်။ လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည် ဖြစ်သော် လည်း လတ်တလောတွင်မူ လေယာဉ်ကို ပင်လယ်အောက်မှ ပြန်လည် ဆယ်ယူနိုင်ခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။


Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...