မိမိကြောင့် တွမ်ခရုစ် သေဘေးနှင့် နီးခဲ့ဖူးကြောင့် အမ်မလီဘလန့်တ်ဖွင့်ဟ
မိမိကြောင့် တွမ်ခရုစ် သေဘေးနှင့်ပင် နီးခဲ့ဖူးကြောင်း ဟောလီးဝုဒ် မင်းသမီး အမ်မလီ ဘလန့်တ်က ပြန်ပြောင်း ပြောဆိုခဲ့သည်။ Edge of Tomorrow ဇာတ်ကား ရိုက်ကွင်းတွင် ယာဉ်တိုက်မှုတစ်ခု ကြုံခဲ့ ဖူးရာ ယင်းအခြေအနေနှင့် ပတ်သက်ပြီး အမ်မလီက အမှတ်တရ ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ အသက် (၃၁)နှစ်ရှိ အမ်မလီက ဇာတ်ဝင်ခန်း တစ်ခုအတွက် ကားအမြန် မောင်းနှင်ခဲ့ရာတွင် စတန့်သမားများ၏ စကားအတိုင်း နားယောင်နေခဲ့သဖြင့် တွမ်၏ သတိပေးချက်ကို လျစ်လျူရှုမိခဲ့ကြောင်း ဆိုသည်။ ထိုစဉ်က စတန့်သမားများက ကားကို မြန်နိုင်သမျှ မြန်မြန်မောင်းသင့်ကြောင်း အမ်မလီကို အကြံပြုထားခဲ့ခြင်း ဖြစ်သည်။

“စတန့်သမားတွေ ပြောလိုက်တာက အမြန်ဆုံး မောင်းဖို့ပါ။ ကျွန်မက ကားမောင်းတဲ့တာဝန် ယူရ တယ်လေ။ တွမ်ကတော့ ကျွန်မနောက်မှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်ပြီး လိုက်လာတယ်”ဟု အမ်မလီက ပြောကြားခဲ့သည်။ သူမက “ကားအရမ်း မြန်နေတယ်လို့ တွမ်က ပြောတယ်။ စိုးရိမ်ပြီး သူအသက်ပြင်းပြင်း ရှူနေတာတောင် မှတ်မိပါသေးတယ်။ နောက်တော့ တွမ်က ဘရိတ်၊ ဘရိတ်လို့ အော်တယ်။ အရှိန်အရမ်း များနေပြီလို့လည်း ပြောခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်မက ရုတ်တရက် ဘရိတ်နင်းလိုက်ဖို့ စိတ်ကူးမရှိခဲ့ဘူး ဖြစ်နေတယ်။ တကယ်တမ်း နင်းလိုက်တော့ အရမ်းနောက်ကျနေပြီ။ သစ်ပင်ကို ဝင်တိုက်မိတယ်။ ကျွန်မကြောင့် ကံကောင်းလို့ တွမ်မသေခဲ့တာပါ”ဟု အမ်မလီက ဖွင့်ဟခဲ့သည်။

ဗြိတိသျှ မင်းသမီးက ထိုစဉ်က အလွန်ကြောက်လန့်သွားမိသော်လည်း နောက်ပိုင်းတွင်မူ ထိုဖြစ်ရပ်ကို မိမိရော၊ တွမ်ပါ ရယ်မောစရာ အမှတ်တရ တစ်ခုအဖြစ် သဘောထားနိုင်ခဲ့ကြောင်းလည်း ဆိုသည်။ “ပထမဆုံး သူ့ပါးစပ်က ဘရိတ်ဆိုတဲ့ စကားကိုပြောတော့ တိတ်တိတ်နေဖို့တောင် ကျွန်မက လှည့်ဆူ လိုက်သေးတယ်။ ကျွန်မကတောင် တွမ်ထက်ပိုပြီး ခပ်ကြမ်းကြမ်း ကားမောင်းတဲ့ အက်ရှင်ဇာတ်လမ်းတွေ မှာ ပါခဲ့ဖူးသလို ပုံစံမျိုးပေါ့လေ။ သူကတော့ ဘာမှမသိထားဘူး။ နောက်မှ အဲဒီအကြောင်း ပြန်ပြောပြတော့ သူရောကျွန်မပါ ရယ်ဖြစ်ကြတယ်။ ‘ရှင်တော့ တော်တော် စိတ်ဆိုးသွားမယ် ထင်တယ်’ ဆိုပြီး ကျွန်မသူ့ကို ပြန်တောင်းပန်ဖြစ်ခဲ့ပါတယ်”ဟုလည်း အမ်မလီက ပြောကြားသွားသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ကမ္ဘာ့အရှည်ကြာဆုံး ဟန်းနီးမွန်းခရီးစဉ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) အင်တာနက်အမြန်နှုန်း 4 Mpbs မှ 6 Mbps အထိ အသုံးပြုနိုင်ရန်Telenor Myanmar မှ စီစဉ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...