သစ်သီးများမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို စစ်ဆေးနိုင်မယ့် စကင်နာ


Health Updates Journal No. 119

ပန်းသီး၊ ဖရဲသီးစသည်ဖြင့် သစ်သီးများကို စကင်ဖတ်ခြင်းအားဖြင့် ပါဝင်တဲ့အာဟာရတန်ဖိုးကို သိရှိနိုင်မယ့် ကိရိယာတစ်မျိုးကို ဖန်တီးနိုင်ခဲ့ကြောင်း ဆေးပညာသတင်းတစ်ရပ် ဖော်ပြထားပါတယ်။ ယခု ကိရိယာဟာ မန်မိုရီစတစ်အရွယ်အစားရှိပြီး အစား အစာမှာပါဝင်တဲ့ မော်လီကျူးတွေကို အာရုံခံကာ အာဟာရတန်ဖိုးကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

ဒီကိရိယာငယ်လေးကို အစ္စရေး နိုင်ငံ၊ ဘဲလ်အဗစ်မြို့တော် အခြေစိုက် Consumer Physics အဖွဲ့ကြီးမှ တီထွင်နိုင်ခဲ့တာဖြစ်ပြီး Scio လို့အမည် ပေးထားပါတယ်။ သစ်သီးကို စစ်ဆေးနေချိန်မှာ အလင်း တန်းလေးတွေကို ထုတ်ပေးမှာဖြစ်ပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး အာဟာရတန်ဖိုးကို ဖော်ပြပေး မှာဖြစ်ကြောင်း သုတေသန ခေါင်းဆောင် Dror Sharon က ရှင်းပြထားပါတယ်။ ဒါကြောင့် စားသုံးသူတွေ ဟာ ဒီစကင်နာလေးကို အသုံးပြုပြီး အာဟာရတန်ဖိုးအမြင့်ဆုံး သစ်သီးတွေကို ရွေးချယ်ဝယ်ယူနိုင် မှာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားထားပါတယ်။

ဒီတီထွင်မှုကို Journal of Nutrition မှာ ဖော်ပြထားပါတယ်။

သန့်စင်
Ref: IANS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...