နှလုံးရောဂါဝေဒနာ Heart Failure ရှင်များတွင် Spironolactone သုံးသင့်ကြောင်း တိုက်တွန်း
Health Updates Journal No. 119
ဆေးရုံမှဆင်းပြီးနောက် ဆက်လက်လေ့လာမှုများလုပ်ပြီးသည့် နောက်တွင် ဆရာဝန်များက နှလုံးရော ဂါကြောင့် အလုပ်မလုပ်နိုင်ဘဲ နှလုံးညှစ်အား ထိန်းသိမ်းရန်လိုသည့် ဝေဒနာရှင်များ Heart Failure and preserved Ejection Fraction (HFPFF) တွင် Spiro nolactone ဆေးအား သုံးစွဲသင့်ကြောင်း တိုက် တွန်းခဲ့သည်။ ယင်းအချက်ကို ဥရောပနှလုံးရောဂါ အဖွဲ့အစည်း European Society of Cordiology မှ ဂရိနိုင်ငံ အေသင်မြို့၌ ကျင်းပခဲ့သည်။
အဓိကနှစ်ပတ်လည် အစည်းအဝေး၌ တင်ပြခဲ့ခြင်းဖြစ်သည်။ Professor Bertram Pittm က HFPFF ဝေ ဒနာရှင်များ၌ ACE Inhibitor, Beta Blockers, angiotensin receptor blocker နှင့် mineralocorticoid receptor blocker အုပ်စုဆေးများအား သုံးစွဲခဲ့ ပြီး လေ့လာမှုများလုပ်ခဲ့သော်လည်း မည်သည့် လေ့လာမှု တွင်မူ ထူးခြားသော ကောင်းမွန်လာမှုမျိုး ကိုမတွေ့ခဲ့ပေ။
ယခုလေ့လာမှုတွင် နိုင်ငံပေါင်း ၆ နိုင်ငံမှ လူနာပေါင်း ၃၄၄၅ဦး ပါဝင်စမ်းသပ်ခံခဲ့ပြီး၊ အများစုမှာ ရုရှနှင့် ဂျော်ဂျီယာမှဖြစ်ကာ၊ ကျန်သူများမှာ US ၊ ကနေဒါ၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့ပါဝင်ခဲ့သည်။ ယင်း HFPFF လူနာ ၃၄၄၅ ဦးတွင် အချို့အား တစ်ရက်လျှင် Spironolatone 15.45 mg တိုက်၍ ကျန်သူ များအား အခြားအုပ်စုဆေးများ အားတိုက်ခဲ့သည်။ ၃.၃ နှစ်ကြာပြီး သည့်နောက် နှလုံးရောဂါကြောင့်၊ ဆေး ရုံတက်ရသည့်နှုန်း၊ နှလုံးအားပြန်နှိုးရသည့်နှုန်းနှင့် အသေအပျောက် နှုန်းတို့အား စိစစ်ခဲ့ရာ Spionolactone သောက်သော အုပ်စုတွင် ၁၈.၆ ရာခိုင်နှုန်းသာရှိ၍ အခြားအုပ်စုတွင် ၂၀.၄ ရာခိုင်နှုန်း ရှိ ကြောင်း တွေ့ခဲ့ရသည်။
Spironolatone သောက်သည့်သူများတွင် Serum Greatinine တက်ပြီးသွေး တွင်းပိုတက်ဆီယမ် နှစ်ဆ တက်လာ နိုင်သော်လည်း ယင်းအချက်ကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ အသေအပျောက်များခြင်းတို့ မတွေ့ရကြောင်း Professor Pitt က ပြောကြားခဲ့သည်။
ဖိုးသောကြာ
ref: Medindia
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)