ခွဲစိတ်ဆရာဝန်တွေကို ကူညီပေးနိုင်မယ့် ဂူဂလ်မျက်မှန်
Health |Updates Journal No. 119
နည်းပညာမြင့် မျက်မှန်တစ်မျိုး ဖြစ်တဲ့ ဂူဂဲလ်မျက်မှန် Google glass ဟာ ခွဲစိတ်ကုသမှုတွေမှာ အသုံးဝင်တဲ့ အပြင် ခွဲစိတ်ကုသမှုကို လေ့ကျင့်ပေး တဲ့နေရာမှာလည်း အသုံးတည့်နိုင်မှာဖြစ်ကြောင်း ဆေးပညာ တစ်ရပ် မှာ ဖော်ပြထားပါတယ်။
ယခု ဂူဂဲလ်မျက်မှန်ကို ပုံမှန်မျက်မှန်တွေအတိုင်းပဲ အသုံးပြုရမှာ ဖြစ်ပေမဲ့ ဒစ်ဂျစ်တယ်နည်း ပညာဖြင့် ဖော်ပြခြင်း၊ ပုံရိပ်ဖော်ရာမှာ နည်းပညာမြင့် ကင်မရာ၊ မိုက်ခရိုဖုန်း၊ နားထင်ရိုးမှ တစ်ဆင့် လျှပ် လှိုင်းများကို အာရုံခံ နိုင်ခြင်း၊ ကြိုးမဲ့စနစ်ကို အသုံးပြုထားခြင်းစတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ၀တ်ဆင်ထားသူဟာ အင်တာနက်မှ ပို့ချချက်များကို ဂူဂဲလ်ရဲ့ နာမည်ကျော် ရှာဖွေရေး အင်ဂျင်တစ်မျိုး ဖြစ်တဲ့ Internet Explorer ပရိုဂရမ်မှတစ်ဆင့် ရှိနေမှာဖြစ်ပြီး မျက်စိနှင့် ချိန်သားကိုက် စာသားများကို ခွဲစိတ်နေစဉ်မှာ စာအုပ်ပြန်လှန်စရာမလိုဘဲ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
ပါမောက္ခများဟာလည်း ခွဲစိတ်ကုသမှုပြုနေတဲ့ တပည့်ခွဲစိတ် ဆရာဝန်များကို မျက်မှန်ပါဝင်တဲ့ ကြိုးမဲ့ဖုန်း များမှ တစ်ဆင့် အနီးကပ် လမ်းညွှန်ပေးနိုင်မှာဖြစ်ပြီး ခွဲစိတ်ပညာရှင်များကို ပိုမိုဖွံ့ဖြိုးစေနိုင်မှာဖြစ်ကြောင်း သုတေသီခေါင်းဆောင် Maria Fareri ဆေးပညာစင်တာမှ Dr Oliver Muensterer က ရှင်းပြခဲ့ပါတယ်။
ဂူဂဲလ်မျက်မှန်မှာပါဝင်တဲ့ ဗွီဒီယိုကင်မရာကြောင့်လည်း ခွဲစိတ်ကုသမှု ခံယူနေတဲ့ လူနာရဲ့ ကိုယ်တွင်းရောဂါ အခြေအနေကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမျက်မှန်မှာ အငြင်းပွားနေတဲ့ အချက်တစ်ချက်ကတော့ လူနာရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့ ကုသမှုခံယူနေတဲ့လူနာရဲ့ အချက်အလက်တွေဟာ အင်တာနက် ကတစ်ဆင့် ဂူဂဲလ်ရဲ့ ဆာဗာတွေကို ရောက်ရှိသွားမှာဖြစ်တာကြောင့် Google ကုမ္ပဏီဟာ အချက် အလက်တွေကို ထိန်းသိမ်းပြီး လုံခြုံမှုရှိဖို့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ယခု သုတေသနမှာ ဖော်ပြထား ပါတယ်။
ယခုသုတေသနကို အပြည်ပြည်ဆိုင်ရာ ခွဲစိတ်ကုသမှုဂျာနယ်မှာ ဖော်ပြထားပါတယ်။
သက်ကို
Ref: PTI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အစာအိမ္ကင္ဆာရွိမရွိကို ဖော်ထုတ်ပေးနိုင်မယ့် သံလိုက်ဘက်တီးရီးယား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) လူငယ်စိတ်ကျဝေဒနာကြောင့် နာမကျန်းမှုနှင့် မသန်စွမ်းမှု အဖြစ်များလာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း