လူငယ်စိတ်ကျဝေဒနာကြောင့် နာမကျန်းမှုနှင့် မသန်စွမ်းမှု အဖြစ်များလာ
Health Updates Journal No. 119
အသက် (၁၀) နှစ်မှ (၁၉) နှစ် အတွင်း ယောက်ျားလေး၊ မိန်းကလေးများ၌ နာမကျန်းမှု၊ အသန်စွမ်းမှု အဖြစ်စေဆုံး ပြဿနာများအနက် စိတ်ကျရောဂါသည် အဓိကအချက်တစ်ခု ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)့ ၏ ကမ္ဘာ့လူငယ်ကျန်းမာ ရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာတစ်ဝှန်း လူငယ်သေ အပျောက် အများဆုံးဖြစ်စေသည့် အဓိကအချက် (၃) ချက်မှာ ယာဉ်တိုက်မှု၊ HIV/AIDS နှင့် မိမိကိုယ်ကို သတ်သေခြင်းတို့ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှန်း လူငယ် (၁.၃) သန်းခန့် သေဆုံးခဲ့သည်။
““အသက် (၁၀) နှစ်မှ (၁၉) နှစ် အရွယ်လူငယ်တွေအတွက် ကျန်းမာရေးကိုအဓိကအာရုံစိုက်ကြဖို့ ဒီအစီ ရင်ခံစာနှင့် တိုက်တွန်းလိုက်ပါတယ်””ဟုWHO မိသားစု၊ အမျိုးသမီးနှင့် ကလေးကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Dr. Flavia Bustreo ကဆိုသည်။
ယာဉ်တိုက်မှုများသည် ကမ္ဘာ့ လူငယ်များ၏ အသေအပျောက်အများဆုံးဖြစ်စဉ်များဖြစ်ကြပြီး နာမကျန်းမှုနှင့် မသန်စွမ်းမှုကို ဒုတိယ အများဆုံးဖြစ်စေသည်ကိုလည်း တွေ့ ရသည်။
စိတ်ကျရောဂါသည် နာမကျန်းမှုနှင့်မသန်စွမ်းမှုဖြစ်စေသည့် နံပါတ် (၁) အကြောင်းရင်းဖြစ်ပြီး ကိုယ့်ကိုယ် ကိုယ်အဆုံးစီရင်မှုသည် သေပျောက် မှုအများဆုံးတတိယအကြောင်းရင်း ဖြစ်သည်။
စိတ်ဝေဒနာခံစားရသူများ၏ ထက်ဝက်ခန့်သည် အသက် (၁၄) နှစ်ကတည်းက လက္ခဏာ စပြသည်ဟု ဆိုကြသည်။
HIV/AIDS နှင့် ဆက်နွယ် ရောဂါများကြောင့် သေဆုံးမှုသည် လူငယ်များအတွင်း တဖြည်းဖြည်းမြင့် တက်လာပြီး ကမ္ဘာတစ်ဝှန်းလူငယ် သေဆုံးမှုဖြစ်စေသည့် ဒုတိယအများဆုံး ပြဿနာတစ်ခုဖြစ်လာသည်။
လူငယ်လေးဦးလျှင် တစ်ဦးမှသာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မှန်မှန်လုပ်ကြပြီး လူငယ်သုံးဦးလျှင် တစ်ဦးအ၀လွန်လျက်ရှိသည်။
တစ်ဦးချင်းဝင်ငွေမြင့်မားသောနိုင်ငံများ၊ ၀င်ငွေအလယ်အလတ်နှင့် ၀င်ငွေနိမ့်ကျသော နိုင်ငံများတွင် လူငယ်ဆေးလိပ်သောက်နှုန်း တဖြည်း ဖြည်းလျော့ကျလာသည်ကို တွေ့ရသည်။
ဇော်ကို
Ref:WHO
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)