ဆေးဖက်ဝင်တဲ့ ဖလံတောင်ဝှေးပင်လေးများ



ယခုလို မိုးဦးကာလများတွင်သာတွေ့ ရတဲ့ ရာသီစာ ဖလံတောင်ဝှေးပင်တွေ ပေါ်လာပြီ ဆိုမှဖြင့် အိမ်ရှင်မ တို့  လက်စွမ်းပြနိုင်ကြ ပါပြီ။ အပူပေးချက်ပြုတ်လိုက်တဲ့အခါမှာ ထွက်ရှိ လာတဲ့ မဆို သလောက် သူ့ ရဲ့ အမွှေးနံ့ က နှစ်သက်သူများအဖို့ သွားရည်ယိုစ ရာလေး ပါဘဲ။ အပင်၏ ရင့်တဲ့ အပိုင်းကို ဖဲ့ချွေပြီးနောက်၊ ဖလံတောင်ဝှေးနုနုတွေကို ငရုတ်ကျည်ေ ပွ့နဲ့ထု ဓားနဲ့ သင့် ရုံပိုင်းဖြတ် ၍ ကြက်သွန်ဖြူဆီသတ်ကာ အဖြူ ထည်လေးဘဲကြော်ကြော်(သို့ မဟုတ်) ပုဇွန်ထဲ့၍ ဘဲကြော်ကြော် (သို့ မဟုတ်)အချဉ်ကြိုက်တတ် သူများ ကလည်း ဒယ်အိုးထဲဖလံတောင်ဝှေးနွ မ်းလာတဲ့အခါ ကင် ပွန်း ချဉ်ရွက်လေး လက်တစ်ဆုပ်လောက် အိုးထဲထဲ့လှိမ့်၍ အရ သာရှိ ရှိ ကြော်စားကြပါတယ်။

သူ့ ပင်ကိုယ်သဘာဝက ဆေးစွမ်းထက်တာကြောင့်လည်း နားပြည်ယို၊ နားကိုက်ခြင်းအတွက် ဖလံတောင်ဝှေး အပင်ရဲ့ အပ်ါယံ အခွံကိုခွာ နွမ်းယုံလောက်မီးကင်၍ အအေးခံပြီး တဲ့အခါ အရည် ညှစ်ယူထားပါ။ ရလာတဲ့ ထိုဖလံတောင်ဝှေးသတ္တုရည် ၄-စက်ခန့် ကို နားထဲ့သို့  တစ်နေ့  ၅-ကြိမ် မျှထဲ့ပေးခြင်းဖြင့် သက်သာပျောက် ကင်းစေ နိုင်ပါတယ်။ ရှေးလူကြီးများက ဖလံတောင်ဝှေးပင်ရဲ့  မြစ်ကို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါ၊ မြွေကိုက်ခြင်း တို့ အတွက် ဆေးမြီး တိုအဖြစ်ကုသလေ့ ရှိပါတယ်။ ဒါတင်မ ကသေးပါဘူး။ အမျိုးသမီးရောဂါမျာြး ဖစ်ကြ တဲ့ သားအိမ်လျော၊ သားအိမ်ကျ၊ သားအိမ် အောင့်ြ ခင်း နှင့် အမျိုး သားရောဂါများဖြစ်ကြတဲ့ အူကျခြင်း၊ တိုနာရောဂါတို့ အတွက် ဖလှံတောင်ဝှေးကို အခြောက်လှန်း အမှုန့်ပြု ၍ အုန်းဆီနှင့် ရောဖျော်ပြီး စအိုနှင့် ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် ချမ်းသာရရစေ နိုင်ပါတယ်။ ဒါ့ပြင် အမျိုးသမီး(အပျိုကြီး) တွေမှာဖြစ် တတ်တဲ့ ရင်းသားအဆီ ကျိတ်ဖုအတွက် ဖလှံေ တာင်ဝှေးပင် အနုအရင့်တွေကို ထုခြေ၍ အကျိတ်ပေါ် အုံပေးပြီး အ၀တ်စည်းပေးခြင်းဖြင့် အကျိတ်ကျေစေပါတယ်။

တစ်နှစ်မှ တစ်ကြိမ်သာပေါ်တဲ့ ရာသီစာ ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင်ချက်ကျွေးချင်တယ် ဆိုရင်ဖြင့်-
(၁) နို့ တိုက်မိခင်များမှာ ဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း စတဲ့ ပြဿနာများအတွက် ဖလှံတောင်ဝှေးကို မကြာ ခဏဟင်းခါး ချက် စားပေးပါ။
(၂) နှမ်းဆီစစ်စစ်ဖြင့်ကြော်ပါ။ ချောင်းဆိုးရောဂါ နှင့် နှလုံးအားနည်း၍ နှလုံးတုန်ရောဂါ တို့ကို သက် သာစေနိုင်ပါတယ်။
(၃) ငါးခူ နှင့်ရော၍ချက်စားပါ။ ကာမအားကို တိုးပွားစေနိုင်ပါတယ်။
(၄) ငါးသိုင်း (သို့ မဟုတ်) ပုစွန်နှင့်ရော၍ချက်စားပါ။ သွေးဝမ်းရောဂါကို ပျောက်စေပါတယ်။
(၅) အမဲသားနှင့်ချက်စားပါ။ ဆီးရွှင်၍ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။
(၆) ရေကြက်သားနှင့် ချက်စားပါ။ ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါခြင်းတို့ကို ပျောက်ကင်း စေနိုင်ပါတယ်။
(၇) ပုစွန်စုတ်ဖွား(ပုစွန်စိပ်) လေးတွေဖြင့်ကြော်စားပါ။ လိပ်ခေါင်းသွေးကျခြင်းကို သက်သာစေပါတယ်။
(၈) ကင်ပွန်းချဉ်ရွက်ဖြင့် ရောကြော်စားပါ။ ဆံပင်ဖြူခြင်း နှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာစေပါ တယ်။
(၉) ဖလံတောင်ဝှေးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် မကြာခဏ ချက်စားပေးခြင်းဖြင့် ၀မ်းချုပ်ခြင်းကို မဖြစ်စေတော့ပါဘူး။
(၁၀) အမျိုးသားများ ဒူလာရောဂါအတွက်ကိုတော့ လက်တစ်ဆုပ်စာပမာဏရှိတဲ့ ဖလံတောင်ဝှေး အ ပင်နှင့်အမြစ် တို့ ကို သုံး ခွက် တစ်ခွက်တင်ကြိုသောက်၍သော်လည်းကောင်း၊ ဖလှံတောင်ဝှေးအမြစ်ဥ ကို ချင်း၊ သကြားနှင့် ရောကြို၍သော်လည်းကောင်း တစ်နေ့  ၂-ကြိမ် သောက်ပေးသင့်ပါတယ်။
(၁၁) အထိုင်များ၍ ခါးနာခြင်းတတ်သူများ နှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသူများ အတွက် ဖလှံတောင်ဝှေး ပဉ္စငါးပါး (ပင် စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ ကို ငရုတ်ကောင်း ၂-စေ့ထည့် ၍ ဆူပွက်ေ နအောင်ကျိုချက်ပြုတ်ကာ သောက်သုံးနိုင်ပါတယ်။
(၁၂) နာလန်ထစလူနာများအတွက် ဖလှံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြု၍ ပျားရည် ၊ ထောပတ်နှ င့်တေ၍ ညအိပ်ယာဝင်ခါးနီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းမှန်မှန်စားသုံးပေးခြင်းခြင့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် သိသိသာသာ ခွန်အား ပြည့်လာစေပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
*promise.pauk*
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...