ကြက်မောက်သီး အကြောင်းသိကောင်းစရာ



Sapindaceae မျိုးနွယ်ဝင်ဖြစ်သော၊ ကြက်မောက်သီးပင်၏ ရုက္ခဗေဒအမည်မှာ Nephelium lappaceum ဖြစ်ပြီး၊ အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပါသည်။ စိုစွတ်သောရာသီဥ တုကိုကြိုက်နှစ်သက် ပါ သည်။ အပင်မြင့်အမျိုးအစားမဟုတ်သော်လဲဘဲ၊ အကိုင်း အခက်များဖြင့် ဘေးသို့ ဖြာထွက်ကာ၊ အသီး ထွက်ရှိနှုန်းအားလည်းကောင်းပါသည်။ အပင်၏ပုံစံက Chirstmas သစ်ပင်နှင့်ဆင်တူ ပါသည်။ အရွက် အညှာမှ အပြွတ်လိုက်၊ အခိုင်လိုက် အသီးသီးေ လ့ ရှိပါသည်။ အရွက်များက အတော်အတန်ရှည်ပြီး၊ ရွက်ညှာများမှာ ၃-ရွက် မှ ၁၁-ရွက်ခန့် ထိ ရှိတတ်ပါသည်။ အကိုင်းထိပ်ဖျားတွင် ရနံ့ သင်းသော အမြွှာစုံ စိမ်းဖန့် ဖန့့်ပန်းကလေးတွေ ဖူးပွင့်ကြပါသည်။ ကြက်မောက်သီး၏ ပုံသဏ္ဍာန်မှာ အတန်ငယ် လုံးဝန်းသော ကြက်ဥပုံ ဖြစ် ပါသည်။ ယေဘုယျအားဖြင့် အမွှေးရှည်လေးများဖုံးအုပ် ထားသော ကြက်မောက်သီး အခွံသည် အနီရောင်ရှိပြီး၊ တစ်ခါတစ်ရံတွင် ၀ါလိမ္မော်သန်းသော အနီရောင်အခွံတို့ ကိုလဲတွေ့ ရတတ်ပါ သည်။

အသီးရင့်မှည့်သွားပါက၊ နီညိုရောင်သို့ ပြောင်းသွားပါသည်။ အတွင်းထဲရှိ အသီးအနှစ်က အဝါရောင် သန်းသော အဖြူရောင် ဖြစ်ကာ ချိုမြမြအရသာရှိပါသည်။ ထိုအသီးအနှစ်၏အောက်တွင် အညိုနုရောင် သန်းသော အတန်ငယ်ကြွပ်ဆတ်သည့် အစေ့တစ်လုံး ပါရှိပါသည်။ အစေ့သည် ခါးသက်သက်အရသာ ရှိပြီး၊ ဆေးဘက်ဝင်ပါသည်။ အခွံစိမ်းသော ကြက်မောက်သီးတို့ သည် အတန်ငယ် ချဉ်ပါသည်။ အ သီးနုသောအခါမှာ အသားနှင့်အစေ့တို့ သည် ကပ်နေကြပြီး၊ အသီး ရင့်မှည့်သောအခါမှာတာ့ အစေ့ ဖယ်စားရန် လွယ်ကူပါသည်။

ကြက်မောက်သီးအစေ့မှ ဖယောင်းတိုင်နှင့် ဆပ်ပြာတို့  ပြုလုပ်ကြပါသည်။ ပိုးထည်အစများကို အစိမ်းရောင်ဆိုးရန် အတွက်၊ ကြက်မောက်သီးပင် ၏ အမြစ်ကို အသုံးပြုနိုင်ပါသည်။ အသီးခွံကိုေ တာ့ ပိုးထည်များတွင် အနက်ရောင်ဆေးဆိုးရန် အသုံးပြု ကြပါသည်။ ကြက်မောက်ပင်၏ ပင်စည်ကို အိမ်ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ ထို့ ကြောင့် ကြက်မောက်သီးသာမက၊ အပင် တစ်ပင်လုံး အသုံးဝင်ပါသည်။ အထူးသဖြင့်ကမ္ဘာပေါ်တွင် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ ကြက်မောက်သီး ထွက်ရှိ မှုအားကောင်းပြီး ၊ ယိုးဒယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ တောင်အာရှ နိုင်ငံများနှင့် ဘိုနီယို၊ အာဖရိက၊ အီကွေဒေါ၊ သြစတြေးလျ၊ အမေရိက အလယ် ပိုင်း နှင့် ကာရေဘီယံကျွန်းဆွယ်တို့ တွင်လည်း ကျယ်ကျယ် ပြန့် ပြန့် စိုက်ပျိုးလျှက်ရှိကြပါသည်။

ကြက်မောက်သီးကို သူ့ နေရာဒေသအလိုက် အမည်နာမခေါ်ဆို ပုံခြင်းမတူညီကြပါ။ အင်္ဂလိပ် အမည် အားဖြင့် Rambutan ဟုခေါ်သော ကြက်မောက်သီးမှာ၊ အမှန်တကယ်တော့ မလေးရှား ဘာသာစကား မှ ဆင်းသက်လာခြင်းဖြစ် ပါသည်။ မလေးရှာတွင် ကြက်မောက်သီး ကို အမွှေး ထူသောအသီး (၀ါ) Rambutan ဟုခေါ်ကြခြင်းဖြစ်ပါသည်။ ပနားမား၊ ကိုစတာရီကာ၊ နှင့် နီကာရာဂွါး နိုင်ငံများတွင် "mamon chino" ဟူ၍လည်းကောင်း၊ ထိုင်းနိုင်ငံ တွင် "ngoh" ဟူ၍လည်းကောင်း၊ ပြင်သစ် နိုင်ငံတွင် "ramboutan (or) ramboutanier" ဟူ၍လည်းကောင်း၊ အိန္ဒိတွင် "ramboostan" ဟူ၍လည်းကောင်း၊ တရုပ်တွင် "Shao tzu" ဟူ၍လည်းကောင်း၊ ဗီယက်နမ်တွင် "chom chom (or) vai ဟူ၍ လည်းကောင်း၊ အမျိုးမျိုးခေါ်ဆိုကြပါ သည်။

မြန်မြာ ပည် မှာတော့ ကြက်မောက်သီး လှိုင်လှိုင်ထွက်ရှိရာဒေသမှာ မွန်ပြည်နယ် ကျိုက်မရောမြို့  နယ်ရှိ နတ်စမ်းကျေးရွာ ဖြစ်ပါသည်။ ထိုကျေးရွာတွင် ပုံမှန်အစေ့ပါသော ကြက်မောက်သီး နှင့် အစေ့လွတ် နတ်စမ်း ကြောက်မောက်သီးဟူ၍ ၂-မျိုး ထွက်ရှိပါသည်။ အစေ့လွတ်ကြက်မောက် သီးများသည် ယိုးဒယားကြက်မောက်သီးကဲ့သို့  အချိုစူးရှ ပါသည်။ မြန်မာပြည်တွင် ကြက်မောက်သီးကို သွားရည်စာ အသီးအဖြစ်သာ အစားများလေ့ရှိကြပါသည်။ ကြက်မောက်သီးယို၊ သီးစုံဒိုမီနို၊ သံဗူး စသည်ဖြင့် လဲ စားသုံးနိုင်ပါသည်။

ကြက်မောက်သီးပင်မှ လူသားတို့ အတွက် အာဟာရပြုပေးနိုင်ပုံကို Institute of Medicine က ယခုလို အကြံပြုထားပါသည်။ ကြက်မောက်သီးသာမက၊ အရွက်၊ အသီးခွံ၊ အစေ့၊ ပင်စည် နှင့် အမြစ်တို့ လဲဆေး ဘက်ဝင်ကြပါသည်။ ပင်စည်ထဲတွင် saponin, tannin, iron, pectin နှင့် flavonoids တို့ ပါရှိကြပြီး၊ အစေ့ထဲတွင် polifenol နှင့် fat တို့ ပါရှိပါသည်။ ၁၀၀ ဂရမ်ရှိသော ကြက်မောက်သီး တစ်ခွက်စာ ပမာ ဏတွင်၊ လူသားတို့ ကျန်းမာရေးအတွက်ခွန်အားဖြစ်စေသော ပရိုတင်း ၁.၀ ဂရမ်၊ ကဆီဓာတ် ၃၁.၃ ဂရမ်၊ အမျှင်ဓာတ် ၁.၄ ဂရမ်၊ သီအာမင် ၀.၀၁ ဂရမ်။ ဗိုက်တာမင်စီ ၇.၄ မီလီဂရမ်၊ ဆိုဒီယမ် ၁၆.၅ ဂရမ်၊ ပိုတက်စီယမ် ၆၃.၀ ဂရမ်၊ ကယ်လ်စီယမ် ၃၃.၀ မီလီဂရမ်၊ ဗိုက်တာမင်အေ ၄.၅ IU နှင့် သံဓာတ် ၀.၅ မီလီ ဂရမ် တို့ ပါရှိပါသည်။ ပြည့်ဝ ဆီနှ င့် ကိုလက်စထရောတို့ လုံးဝမပါရှိကြပါ။ ကြက်မောက်သီးတွင် သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ် နှင့် ဆူးခရို့စ်တို့ များစွာပါဝင်ပြီး၊ ကယ်လိုရီပါဝင်မှု နည်းပါသည်။ ထို့ ကြောင့် ယခုလို အာဟာရတန်ဘိုးများစွာ ပါဝင်သည့် ကြက်မောက်သီးကို စားပေးခြင်းဖြင့် အောက်ပါ ကျန်းမာေ ရးစွမ်းပကားများကို ရရှိစေနိုင်မည် ဖြစ်ပါသည်။

1. ကြက်မောက်သီးကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ရိုးရာဆေးစွမ်းတစ်လက် အဖြစ် ရှေးနှစ် ရာပေါင်းများစွာ ကတည်း ကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် တခြားနာမ ကျန်းဖြစ်မှုများစွာကို ကုသ ရာတွင် အသုံးပြုခဲ့ကြပါသည်။

2. ကြက်မောက်သီးတွင် ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်းတို့အပြင်၊ ဖလေဗိုနွိုက် (ခေါ်) အပင်မှ ထွက် ရှိသော ဓာတ်တိုးဆန့် ကျင် ပစ္စည်းလည်း ပေါများစွာပါရှိကြောင်း၊ ထိုဖလေဗိုနွိုက်သည် သွေးအတွင်း မကောင်းသော ကိုလက်စထရောများကို လျော့ကျစေခြင်း၊ ကင်ဆာရောဂါများ ဆန့်ကျင် တိုက် ထုတ်ပေးခြင်း၊ ရောင်ရမ်းမှုတို့ ကို လျော့ကျစေခြင်း .. စသည်ဖြင့် ဆေးစွမ်း ထက်မြက်ကြောင်း ထိုင်း နိုင်ငံရှိ Chiang Mai University မှ စမ်းသပ်ဖော်ထုတ်ခဲ့ပါသည်။ ထိုအစွမ်းတို့ ကြောင့် ယခုအခါ ကြက်မောက်သီး Extract ကို ဆေးဝါး ထုတ်လုပ်လျှက်ရိပါသည်။

3. ကြက်မောက်သီး အခွံထဲတွင် Gallic အက်ဆစ်တစ်မျိုးပါဝင်ပြီး၊ ထိုအက်ဆစ်က ခန္ဓာကိုယ် ထဲတွင် ဖရီးရယ်ဒီကယ် များကြောင့် ထိခိုက်မှုတွေမဖြစ်လာအောင် ကာကွယ်ပေးပါသည်။

4. ကြက်မောက်သီးထဲတွင် ဗီတာမင်စီ များစွာပါဝင်ပါသည်။ ကြက်မောက်သီး ၁၂ လုံးထဲတွင် အက် စ်ကောဘစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ်ပါဝင်ပြီး၊ လူတစ်ယောက်၏ တစ်နေ့တာ လို အပ်သော ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါသည်။ ဗီတာမင်စီသည် ခန္ဓာကိုယ် ဆဲလ်များကို ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး၊ သံဓာတ်စုပ်ယူနိုင်အောင်လည်း ကူညီပေးပါသည်။

5. ကြက်မောက်သီးထဲတွင် သွေးနီဥနှင့် သွေးဖြူဥများပြုလုပ်ရာတွင် လိုအပ်သော ကြေးနီဓာတ် အသင့် အတင့် ပါရှိပါသည်။

6. သွေးတိုးရောဂါ ဝေဒနာသည်များသည် တစ်နေ့ လျှင် ကြက်မောက်သီး ၈-လုံးမှ ၁၀-လုံးခန့်  စားပေး သင့်ပါသည်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိ သကြား ပမာဏကို ကျဆင်းစေပါသည်။

7. ကြက်မောက်သီးက လူတစ်ဦးလျှင် တစ်နေ့ တာလိုအပ်သော သံဓာတ်ပမာဏ၏ ၁၃.၈ % ကျော်ကို ထောက်ပံ့ပေးနိုင်ပါသည်။ ထို့ ကြောင့် သံဓာတ်အရင်းအမြစ်တို့ စုဝေးရာ ကြက်မောက်သီးကို စား သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင် ပမာဏကို ဖြည့်စွက်ပေးနိုင်ပြီး၊ မူးဝေခြင်း၊ နုံးချည့်ပင်ပန်းခြင်း၊ ဖျော့တော့နွမ်းနယ်ခြင်းစသည့် သံဓာတ် အားနဲခြင်းကြောင့် ဖြစ်တတ် သော သွေး အားနည်းရောဂါ တို့ ကို ကာကွယ်ပေးနိုင်ပါသည်။

8. ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊ တစ်နေ့တာ လိုအပ်သည့် ဖော့ စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့်အတွက်၊ ကျောက်ကပ်ကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါ သည်။ ကျောက်ကပ်ကိုလည်းသန့် စင်စေပါသည်။

9. ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့် သွားနှင့်အရိုးများကိုခိုင်ခန့် စေပါသည်။

10. ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို သေစေနိုင်သည့်ပြင် ၊ ၀မ်းလျှော/၀မ်းပျက်ခြင်း ဝေဒနာတို့  ကိုလည်း သက် သာစေကြောင်း The Online Culinary School website မှ အကြံပြုထောက် ခံထားပါသည်။

11. ကြက်မောက်သီးအစေ့ကို သူ့ ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊ ကြိတ်ချေပြီးအခြားအစား အစာ တို့ နဲ့  တွဲဘက်စားပေးခြင်း ဖြင့် ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါသည်။ ထို့ ပြင် အသားအရည်ကိုကျန်းမာစေပြီး အထူးသဖြင့် မျက်နှာအသားအရည်ကို နူးညံ့ေ ချာမွေ့ စေပါသည်။ (လူအချို့ ကတော့ ကြက်မောက်သီးအစေ့နှင့် မွေးရာပါ ဓာတ်မတည့်မှုများ ရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)

12. ကြက်မောက်ပင်အရွက်ကိုထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊ အသားအရြေေ ခာက်သွေ့ ခြင်းအတွက် lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင် ထောင်းအုံပေးခြင်းဖြင့်လဲ ဝေဒနာများ သက်သာ လာစေနိုင်ပါသည်။ ထို့ ပြင် ကြက်မောက်သီးအရွက်ကို သန့် စင်အောင်ဆေးကြောပြီး၊ ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။ ထိုအနှစ်ကို အ၀တ်သန့် သန့် ဖြင့် ထုပ်ကာညှစ်ပြီးရ လာသည့် အရွက်သတ္တုရည်ကို ဦးရေးပြားအနှံ့  မှန်မှန်လိမ်းပေးခြင်းဖြင့် ဆံပင်သားများသန်စွမ်း နက်မှောင်လာစေပါမည်။ ဆံပင် ဆိုးဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။

13. ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊ ရေ ၃-ခွက်တစ်ခွက်တင်ကြို၍ အအေးခံကာ တစ်ေ န့ ၂-ကြိမ်သောက်သုံးပေးခြင်းဖြင့် ၀မ်းကိုက်ရောဂါ ကို ပျောက်ကင်းစေနိုင်ပါသည်။

14. ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော်၍ ကျိတ်ချေပါ။ ပြီးရင် ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်း အတိုင်း တစ်နေ့ ၂-ကြိမ် သောက်သုံးပေးပါက၊ ဆီးချိုရောဂါ ကို သက်သာလာစေနိုင်ပါသည်။

15. ကြက်မောက်သီးအခွံခြောက် ၁၅-ဂရမ် ခန့် ကို ရေ ၃-ခွက်စာပမာဏဖြင့်ရော၍ ၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့  ၃-ကြိမ် သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်။

16. ကြက်မောက်သီး ၅-လုံးစာ ပမာဏထဲတွင် လူတစ်ယောက်၏ တစ်နေ့ တာ လိုအပ်သော ဗိုက်တာ မင်စီ ကို အပြည့်အ၀ရရှိနိုင် ပါသည်။

17. ကြက်မောက်ပင် ပင်စည်သားကိုပြုတ်၍ မှက္ခရုနာ များကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက် သာစေနိုင်ပါသည်။

18. ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်ပါသည်။

19. ယနေ့ မလေးရှာနိုင်ငံ၏ ပရဆေးဆိုင်များတွင် ကြက်မောက်သီးအခွံခြောက်များကို ဖျားနာခြင်းဝေ ဒနာအမျိုးမျိုး တို့ ကို ကုသရန်အတွက် ဖောဖောသီသီ ရောင်းချလျှက်ရှိကြပါသည်။

ကြက်မောက်သီးသည် စပျစ်သီးထက်အရည်ရွှမ်းပြီး၊ လိုင်ချီးသီးအရသာနှင့်လဲ ခပ်ဆင်ဆင်တူပါသည်။
ရာသီစာ သီးနှံဖြစ်သောကြောင့် ယခုလို မိုးဦးကာလတွင်သာရရှိနိုင် သည့် ဆေးဘက်ဝင်ကြက်မောက် သီးများကို ကျန်းမာရေးလိုက်စားသူ မိတ်ဆွေများအားလုံး အချိန်မှီအပြေးကလေး ၀ယ်ယူစားသောက်စေ လိုပါကြောင်း....................။

<<မှတ်ချက်>>
(၁) ကြက်မောက်သီး ကိုင်ကြည့်သည့်အခါ မပျော့ဘဲ တင်းနေသော အသီးကိုသာရွေးချယ် ၀ယ်ယူပါ။
(၂) လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ရန်အတွက် အသီးအခွံပေါ်ရှိ အမွှေးဆူးလေးများ အတန်ငယ်မာ သည်ကို ရွေးဝယ်ပါ။
(၃) ကွဲနေသော အသီးတို့ ကို ရှောင်ကြဉ်ပါ။
(၄) ရေခဲသေတ္တာထဲတွင် ရက်သတ္တ ၁-ပတ်မျှခံစေရန်အတွက် ကြက်မောက်သီးကို ပလပ်စတစ်အိတ်ဖြင့် လုံခြုံစွာသိမ်းဆည်းထားပါ။ (အသီးကို အခွံခွာပြီး ဖန်ဗူးထဲ ထဲ့သိမ်းခြင်းကလည်း တာရှည် အထားခံနိုင် ပါလိမ့်မည်)


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
မှီငြမ်း (World's healthiest fruit – Rambutan)
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...