ဖိုးပါကြီးနှင့် မာစီဒီး



မြန်မာလူမျိုးထဲမှ မော်တော်ကားကို ပထမဆုံးစီးခဲ့သူမှာ တြိရတန ဦးသိန်းမောင် ဖြစ်တယ်လို့သိရပါ တယ်။ မြန်မာ့ရုပ်ရှင်သရုပ်ဆောင် များအနက်ကိုယ်ပိုင်ကားပထမ ဆုံးဝယ်စီးနိုင်ခဲ့သူမှာ မင်းသားမောင်ဘ တင့်ဖြစ်တယ်လို့လည်း မှတ်တမ်းများအရသိရပြန်တယ်။ ပြိုင်ကားကို ပထမဆုံးစီးခဲ့တဲ့ ရုပ်ရှင်သ ရုပ်ဆောင်ကတော့ အကယ်ဒမီ ဝင်ဦးဖြစ်ပါတယ်။

မာစီဒီးကားဆိုတာ

ကမ္ဘာပေါ်မှာ လူကြိုက်များပြီး အကျော်ကြားဆုံး ကားအမှတ်တံဆိပ်မှာမာစီးဒီးဘင့်ဇ် (Mercedes-Benz) ဖြစ်ပါတယ်။ ဂျာမနီနည်းပညာနဲ့ ၁၉၂၆ ခုနှစ် ဇွန်လ၂၈ ရက်နေ့က စတင်ထုတ်လုပ်ခဲ့တာပါ။ ရုံးချုပ် ကတော့ ဂျာမနီနိုင်ငံ Stuttgart မြို့မှာရှိပါတယ်။ သူ့ရဲ့ကြွေးကြော်သံကတော့ ” အကောင်းဆုံးလား၊အချာဆုံးလား” (The Best or Nothing) ဖြစ်ပါတယ်။ သက်တမ်း ၉ဝနီးပါးရှိပြီဖြစ်တဲ့ မာစီဒီးကားဟာ ကားလောကမှာတော့ German Big 3 စာရင်းဝင်ပြီး Audi နဲ့ BMWတို့နဲ့အတူ ရပ်တည်နေ တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ အတွက်ပထမဆုံးမာစီဒီးအရောင်း ပြခန်းကိုတော့ ၂ဝ၁၄ ခုနှစ် မေလ ၁၅ရက်နေ့မှာ ရန်ကုန် မြို့ ပြည်လမ်းရှိအမှတ် ၅၁ မှာဖွင့်လှစ်ခဲ့ပြီး လည်း ဖြစ်ပါတယ်။

ဖိုးပါကြီးဆိုတာ

မြန်မာ့ရုပ်ရှင်လောကမှာ တန်ဖိုးကြီးတဲ့ မာစီဒီးကားကို ပထမဆုံးဝယ်စီးနိုင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အဖြစ် ဟာသသရုပ်ဆောင် ဖိုးပါကြီးကို သတ်မှတ် ခဲ့ကြပါတယ်။ ဟ င်္သာတဇာတိဖြစ်တဲ့ ဟာသ သရုပ်ဆောင် ဖိုးပါကြီးဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြိုက် နှစ်သက်တဲ့ အနု ပညာရှင်တစ်ဦး လည်းဖြစ်ပါတယ်။ ဂျပန်ေ ခတ် (၁၉၄၃-၁၉၄၅)ပြဇာတ်လောက မှ စစ်ပြီးခေတ် ရုပ်ရှင်လောကကို ကူးပြောင်းရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။ လက်ဦးဆရာကတော့ ဒါရိုက်တာ ဆရာခန့် ပဲဖြစ်ပါတယ်။

သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားများဟာ ကြည့်ရသူ အပေါင်းအူတက်မတတ် ရယ်ခဲ့ရသလို၊ ” ဖိုးပြုံးချို” ဇာတ်ကားဖြင့်လည်း မျက်ရည်လည်ရွှဲဖြစ် စေခဲ့သူပါ။ အဲဒီ ” ဖိုးပြုံးချို” ဇာတ်ကားဖြင့်လည်း ၁၉၅၅ ခုနှစ် မှာ အကောင်းဆုံး မင်းသားဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၇၈ခုနှစ်မှာ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့ တဲ့ ” တစ်ခါကတစ်ဘဝ” ဇာတ်ကားဖြင့်လည်း အကယ်ဒမီဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့သူပါ။ သူ့ခေတ်သူ့အ ခါက လျှမ်းလျှမ်းတောက် အောင်မြင်ပြီး ကမ္ဘာကျော်တန်ဖိုးကြီး မာစီဒီးကားကြီးကို ပိုင်ဆိုင် ခွင့်ရခဲ့သူ ထပ်ဆင့်အကယ်ဒမီ ဖိုးပါကြီးရဲ့ပျော်ရွှင်ကြည်နူးဖွယ်ဘဝလေးကို တွေ့မြင်ယောင်ရင်း ဝမ်းသာပီတိဖြစ်ရ ပါတော့တယ်။ 


နွေနိဒါန်း
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...