စင်ကာပူမှာ Extreme Show သွားကြည့်ခဲ့ ကြတဲ့ လင်းလင်း နဲ့ ချစ်သုဝေ



လင်းလင်းနဲ့ ချစ်သုဝေတို့က စင်ကာပူမှာ Extreme Show၊ ပွဲရှိတာကြောင့် ဇွန်လ၂ရက်နေ့က စင်ကာပူ မှာ သွားကြည့်ခဲ့ကြပါတယ်။ စင်ကာပူမှာ ၄ရက်ကြာခဲ့ပြီး ရှိုးပွဲကြည့်ခဲ့သလို တူမလေးနှစ်ယောက် နဲ့ လည်း အချိန်ဖြုန်းရင်း ခင်ပွန်းနဲ့လည်း ခရီးထွက်တဲ့ သဘောမျိုးနဲ့ သွားခဲ့ခြင်းဖြစ်ကြောင်း ချစ်သုဝေ က ပြောပါတယ်။

“စင်ကာပူမှာ Extreme Show ရှိတယ်။ Guitar သမား Nuno Bettencourt အဲဒါကို ဒယ်ဒီတို့၊ ကိုလင်းတို့က တအား ကြိုက်ကြတယ်။ အဲဒါကြောင့်လည်း သွားကြည့် ကြမယ်ဆိုပြီး စီစဉ်တာပေါ့။ ထရီဇာကလည်း ကားရိုက်တွေ တောက်လျှောက် ရှိနေတယ်။ ကိုယ်ပိုင်အချိန်လေးကို ကိုယ့်ဘာသာ ကိုယ်ဖန်တီးပြီး မယူရင် မရဘူး။ အဲဒီအတွက်ကြောင့် ဇာတ်ကားရိုက်ရက်ကို နည်းနည်း ညှိကြည့်တာ ရက်ကလည်း အဆင်မပြေတာ နဲ့ အဲဒီကားရိုက်ရက်ကို လက်လွှတ်ပြီး စင်ကာပူကို ထွက်သွားလိုက်တာ ၄ရက် ကြာတယ်။

ထရီဇာ တို့နှစ်ယောက် စလုံးက အနုပညာ အလုပ်တွေ လုပ်လိုက် လူမှုရေးအလုပ် တွေ လုပ်လိုက် နဲ့ နှစ်ယောက်စလုံးက ကိုယ်ပိုင် အချိန်ဆိုတာ တအား ရှားသလို ဖြစ်နေ တယ်။ အဲဒါကြောင့် ဖန်တီးယူရ တယ်။ ရှိုးမှာ ဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ထရီဇာ ငယ်ငယ်က အန်ကယ်ဟယ် ရီလင်းရဲ့ “ဟယ်ရီလင်း ရဲ့ဟယ်ရီလင်း” အခွေ ထဲမှာ ထရီဇာ ၅တန်း ကျောင်းသူ ဘဝက ရှင်းရဲ့လားဆိုတဲ့ သုံးလုံး ဝင်ဆိုဖူး တယ်။ အဲဒီ သီချင်းရဲ့ မူရင်းသီချင်းက Extreme ဆိုခဲ့ တာ။ အဲဒီ သီချင်းလေး ပြန်ဆိုတော့ စိတ်ထဲ မှာ မှတ်မှတ် ရရလေး ဖြစ်ခဲ့ ရတယ်။ ကိုယ်ငယ် ငယ်ကဆိုခဲ့ရတဲ့ အဲဒီနေရာ နားလေးကို အင်္ဂလိပ်လို မရ ဘဲနဲ့ မြန်မာလို ပဲလိုက်ဆိုတာ ဘေးက အင်ဒို တစ် ယောက် ကတောင် ထရီဇာ ကို ကြည့်နေတယ်။ အဓိကကတော့ ဂစ်တာသမား ကိုကြည့်ချင်လို့ Nuno ကို ကြိုက်လို့ သွားကြတာ။ ဂစ်တာလက် စွမ်းကို တအား နားလည် တဲ့ထဲမှာ မ ပါတော့ မပြောတတ်ဘူး။ ကိုလင်းတို့ ဆိုရင် တအား သဘောကျ ပြီးရှေ့ ဆုံး ကနေ သွားခံစား တယ်။ စင်ကာပူမှာ Extreme show ပရိသတ်က ထရီဇာ တို့ ထင်သလောက် မဖြစ်ခဲ့ဘူး။ ဖျော်ဖြေတဲ့ ဘက်ပိုင်း မှာတော့ အပြည့် အဝ ဖျော်ဖြေကြတယ်” လို့ ပြောပြီး သူ ငယ်ချင်းတွေ လည်း ပါတာကြောင့် ဒီတစ်ခေါက် ခရီးစဉ်က Relax လည်းဖြစ်သလို ပျော်လည်း ပျော်ခဲ့ရကာ အား သစ်တွေလည်း ရခဲ့ ကြောင်း ချစ်သုဝေက ပြောပါတယ်။


ခိုင်ဝေလွင်
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...