ကြွက်တွေက နောင်တရတတ်သလား

Health Updates Journal No. 122
မင်နီဆိုးတား တက္ကသိုလ် ဦးနှောက်နှင့် အာရုံကြောဌာနမှ လုပ်ခဲ့သော လေ့လာမှုတစ်ခုအရ လူနာများ တွင်သာရှိသည်ဟု ယူဆခဲ့သော နောင်တရသည့် အပြုအမူကို ကြွက်များတွင်လည်း တွေ့ရကြောင်း သိရ သည်။
““နောင်တဆိုတာက လုပ်သင့်တာကို မလုပ်မိဘဲ မလုပ်သင့်တာကို လုပ်မိ၍ အချိန်လွန်မှ ခံစားရတဲ့ ခံစားမှုကို ဆိုလိုပါတယ်။ ဒီလေ့လာမှုမှာ ခက်ခဲတာတစ်ခုက နောင်တရတာ နဲ့စိတ်ပျက်တဲ့ ခံစားမှုကို ခွဲခြားရတာပါပဲ။ နောင်တရတာကတော့ အခြားတစ်ခုသာ လုပ်မိရင် ပိုကောင်းမှာပဲလို့ ခံစားမိတာဖြစ်ပြီး၊ စိတ်ပျက်တာကတော့ ကိုယ်မျှော်လင့်ထားတဲ့ အရာတစ်ခုခုက မျှော်လင့်သလို ဖြစ်မလာတဲ့ အခါမှာ ခံစား ရတာ ဖြစ်တယ်လို့ ““လေ့လာမှုတွင်ပါဝင်သူ David Redish , Ph,D, က ပြော ကြားခဲ့ပါတယ်။
ယခုလေ့လာမှုမှာ Redish နဲ့ အဖော်ဖြစ်သူ Steiner တို့က ကြွက်များတွင် စမ်းသပ်သည့် နည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒီနည်းရဲ့ သဘောတရားကတော့ စားသောက်ဆိုင်တန်းမှာ တန်းစီတဲ့သဘောနဲ့ ဆင် တူပါတယ်။ အကယ်၍ တရုတ်စားသောက်ဆိုင်မှာ လူတွေ တန်းစီတာ အရမ်းများနေပြီး၊ မရနိုင်လောက် ဘူးလို့ ယူဆရင် လမ်းတစ်ဘက်ခြမ်းက အိန္ဒိယစားသောက်ဆိုင်ကို သွားတန်းစီကြမှာပါ။ ဒီသဘောတ ရားလိုပဲ ကြွက်တွေကို အစာတန်းစီတဲ့စနစ်ကို ပြုလုပ်ပေးထားတယ်။ တချို့ကြွက်တွေက အရသာတစ်မျိုး ကို ပိုကြိုက်ကြပြီး ယင်းမုန့်ရတဲ့ဘက်မှာ ပိုတန်းစီကြတယ်။ ဒါပေမဲ့ အစာရနိုင်တာကို အချိန်ကန့်သတ် ထားတယ်။ ရှေ့ပိုင်းကကြွက်တွေက အရသာရှိတဲ့ မုန့်ကို ရသွားသော်လည်း၊ နောက်ပိုင်းက ကြွက်တွေက အချိန်ပြည့်သွားလို့ မုန့်မရတာမျိုး ကြုံတွေ့ရတယ်။ အဲဒီအခါမှာ မုန့်မရတဲ့ ကြွက်တွေက အချိန်ရှိတုန်းမှာ အရသာ သိပ်မကောင်းတဲ့ မုန့်ကိုတန်းစီနိုင်သော်လည်း အခြားဖက်တွင်သာ တန်းစီ၍ မုန့်မရကြောင်း နောင်တရလေ့ရှိတယ်။ အဲဒါကို ဘာနဲ့သိလည်းဆိုတော့ ဦးနှောက်ပုံရိပ် ဖော်စက်နဲ့ ဖော်ကြည့်လို့ သိရပါ တယ်။ လူတွေမှာ နောင်တရတဲ့အခါ ဦးနှောက်အရှေ့ ပိုင်းအပေါ်လွှာ Orbitofrontal Cortex က အရောင်တွေထွက်လာပြီး ကြွက်တွေမှာလည်း ယင်းအပိုင်းက အရောင်ထွက်လာတာတွေ့ရပါတယ်လို့”” လေ့လာသူများက ဆိုခဲ့ပါတယ်။ ယင်းကဲ့သို့ သိရခြင်းဖြင့် နောင်တွင် နောင်တရခြင်းက ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များအပေါ် မည်ကဲ့သို့ သက်ရောက်စေနိုင်သည်ကို သိနိုင်မည်ဟုဆိုသည်။
ဖိုးသောကြာ
ref: Medindia
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)