ဆင်းမ်ကတ် ဝယ်ယူစဉ် ဖြည့်သွင်းရသည့် အချက်အလက်နှင့် ပတ်သက်၍ မနှစ်သက်သူများရှိ

အော်ပရေတာများသည် ဆင်းမ်ကတ်ရောင်းချသည့်အခါ အသုံးပြုသူနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို တောင်းခံရမည်ဟု သက်မှတ်ထား ရှိသော်လည်း အချို့သက်မှတ်ချက်ကို ကန့်ကွက်ထား သည်များ ရှိသည်ဟုသိရသည်။
“မဖြစ်မနေ Register လုပ်ရမယ်ဆိုတာက ကောင်းကျိုးဆိုး ကျိုးတွေရှိတယ်။ ကောင်းကျိုးက အော်ပရေ တာပြောင်းသုံးတဲ့အခါ ဝန်ဆောင်မှုအသစ်တွေ ထပ်ပြီးသုံးတဲ့အခါ ကိုယ့်ရဲ့နံပါတ်ပြောင်းစရာ မလိုတော့ ဘူး။ မကောင်းတာကတော့ ကိုယ်ရဲ့သတင်းအချက်အလက်ကို ဆင်းမ်ကတ်တစ်ခုအတွက် ပေးလိုက်ရ တာပဲ”ဟု ဟန်းဆက်အရောင်းဆိုင်ဖွင့်လှစ်နေသူ ကိုကိုဦးကပြောသည်။
အသုံးပြုသူအနေဖြင့် သတင်းအချက်အလက် ပေးရမည်ဟုသော သက်မှတ်ချက်နှင့် ပတ်သက်၍ Myanamr ICT For Development Organization (MIDO) မှ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီဌာနသို့ ကန့်ကွက်စာများ တင်သွင်းခဲ့သည်ဟုလည်း သိရသည်။ “မဖြစ်နေပေးရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Privacy ကိုပေးရမှာပဲ။ သူတို့ကတော့အသုံးပြုသူ အမှားအယွင်းတွေလုပ်တဲ့အခါ ခြေရာခံနိုင်အောင်ဆိုပြီး ပြောမှာ ပဲ။ ဒါပေမယ့် လေ့လာကြည့်ရင် ဒါကအသုံးမဝင်ပါဘူး။ တစ်ချို့နိုင်ငံတွေမှာဆိုရင်လည်း ဒါကို မတောင်းတော့ဘူး” ဟု MIDO မှမရတနာထွန်းက ပြောသည်။
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုက်ပြန်ထားသည့် စည်းကမ်းချက်များအရ မိုဘိုင်းဖုန်းအသုံးပြုသူ သည် အမည်နှင့်လိပ်စာများ ပါဝင်သော အချက်အလက်များကို ဖောင်ဖြည့်သွင်းပေးရမည်ဟု သိရသည်။ မိုဘိုင်းဆင်းမ်ကတ် ဝယ်ယူသူများသည် အဓိကအားဖြင့် ID (မှတ်ပုံတင်) ကတ်တစ်ခုခုကို ပြသ၍ ဝယ်ယူ အသုံးပြုရမည်ဖြစ်ပြီး ID ကတ်တစ်ခုခု မရှိသူများအတွက် မိုဘိုင်းဆင်းမ်ကတ် ဝယ်ယူရန် စိန်ခေါ်မှု တစ်ခုဖြစ်သည်ဟု Telenor ၏ CEO ဖြစ်သူကပြောသည်။
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)