ကမ္ဘာ့ပထမဆုံး စမတ်နိုင်ငံ ဖြစ်လာရန် စင်ကာပူ စီစဉ်နေ

စင်ကာပူနိုင်ငံသည် ကမ္ဘာ့ပထမဆုံး စမတ်နိုင်ငံ ဖြစ်လာရန်အတွက် စီမံကိန်းတစ်ရပ်ဖြင့် ဆောင်ရွက်သွား ရန် ရည်ရွယ်ထားကြောင်း CommunicAsia ကုန်စည်ပြပွဲတွင် Infocomm Development Authority (IDA) က ပြောကြားခဲ့သည်။
စမတ်နိုင်ငံစီမံကိန်း စမ်းသပ်လုပ်ဆောင်မှုကို စင်ကာပူမြို့လယ်မှ မိနစ် ၄၀ ခန့် သွားရောက်ရမည့် Jurong Lake စီရင်စုတွင် စတင်မည် ဖြစ်သည်။ ၎င်းစီရင်စုတွင် fiber-optic လိုင်းများနှင့် ချိတ်ဆက်ထား သည့် above-ground box များကို အသုံးပြုကာ နိုင်ငံတစ်ဝန်းရှိ လမ်းမီးများနှင့် ကားမှတ်တိုင်များအ တွက် အသုံးချသွားမည် ဖြစ်သည်။
အဆိုပါ above-ground box များသည် sensor များနှင့် ချိတ်ဆက်ထားနိုင်သည့် အတွက် လေထုညစ် ညမ်းမှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လမ်းပိတ်ဆို့မှုများကို စုံစမ်းထောက်လှမ်းပေးနိုင်သည်။ ထို့အပြင် ကင်မရာနှင့် ချိတ်ဆက်ထားသည့် sensor များသည် ပြည့်လျှံနေသည့် အမှိုက်ပုံးများကို စုံစမ်း ဖော်ပြပေးနိုင်သလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကိုလည်း ၎င်းတို့၏ အမှိုက်များ ကောက်ယူရန် သတိပေးမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။
စင်ကာပူနိုင်ငံသည် စမတ်နိုင်ငံ စီမံကိန်းအတွက် အခြေခံ လုပ်ဆောင်ချက်များကို ပြုလုပ်ထားပြီး ဖြစ် သည်။ စင်ကာပူနိုင်ငံတွင် အိမ်ထောင်စု အားလုံးနီးပါး၌ တစ်လ စင်ကာပူဒေါ်လာ ၅၀ သာ ကျသင့်သည့် အလွန်လျင်မြန်သော 1Gbps ဖိုင်ဘာအင်တာနက်ကို အသုံးပြုလျက်ရှိသည်။
အဆိုပါ ခေတ်မီမြို့များတွင် နေထိုင်သူများတွင် sensor box များတွင် တပ်ဆင်ထားသည့် wireless hotspot များကို အသုံးပြုကာ ဖုန်းများနှင့် tablet ကွန်ပျူတာများအကြား mobile data နှင့် Wi-Fi ကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်စေရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
Ref: CNET
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)