အသက်အာမခံကြေးပါသည့် ဆင်းမ်ကတ်များ ထိုင်းတွင်အလုပ်လုပ်မည့် အလုပ်သမားများကို စတင်ရောင်း


ထိုင်းနိုင်ငံသို့ သွား ရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား အသက်အာမခံကြေးပါရှိသည့် ဆင်းမ်ကတ်များကို မေလ ၃၀ ရက်မှ စတင်ရောင်းချပေးနေကြောင်း ထိုင်းနိုင်ငံ AEC Voice Gateway ကုမ္ပဏီမှ သတင်းရရှိသည်။

ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများသည် AVG ကုမ္ပဏီမှ ဖုန်း ဆင်းမ်ကတ်များ အသုံးပြုပါက အသက်အာမခံကြေးပါထည့်သွင်းထားပြီး ဘတ်ငွေငါးသောင်းရရှိ မည်ဖြစ် သည်။

‘‘ကျွန်တော်တို့ ပထမဆုံး ရောင်းချတာဆိုတော့ ဈေးချိုချိုနဲ့ ရောင်းပေးထားတာပါ။ အဲဒီအထဲမှာ ကရုဏာကြေးအဖြစ် ဘတ်ငါး သောင်းအသက်အာမခံထားပေး ထားတာပါ။ ဒီကတ်တွေနဲ့ဈေးဝယ်လို့ရ ပါတယ်။ အသုံးပြုမှုများတာနဲ့ အမှတ်ကလေးတွေတက်သွား မယ်။ အဲဒီအမှတ်ပေါ်မူတည်ပြီး ခံစားခွင့် ကလည်း တိုးသွားမယ်’’ ဟု AEC Voice Gateway ကုမ္ပဏီမှ မစ္စတာ Napupon Kladkleep ကပြောသည်။

အဆိုပါဆင်းမ်ကတ်သည် တစ်မိနစ်လျှင်ဘတ်ငွေရှစ်ဘတ် ကုန်ကျမည်ဖြစ်ပြီး အရေအတွက် အကန့်အ သတ်မရှိ စတင်ရောင်း ချနေကာ ဆင်းမ်ကတ်တစ်ခုလျှင် ကျပ်တစ်သောင်းနှင့် ဟန်းဆက် တစ်ခုလျှင် ကျပ်ကိုးထောင်ပေးရ ကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့သွားရောက် လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို အသက်အာမခံကြေးရရှိ မည့် ဆင်းမ် ကတ်ရောင်းချခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မလေး ရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင် မည့် မြန်မာအလုပ် သမားများကို ပြီးခဲ့သည့် ဖေဖော်ဝါရီမှစ၍ အသက်အာမခံချက်ပါရှိသည့် ဆင်းမ်ကတ်များ ရောင်းချပေးခဲ့ သည်။

7Day News Journal
No.396 Sunday, June 1, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...