စိတ်ဖိစီးမှု သက်သာစေရန် အသက်ရှူလေ့ကျင့်ခန်းများလုပ်ပါ

photo;www.kevinneeld.com
 
အသက်ရှူလေ့ကျင့်ခန်း များများလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုအံ့ဩဖွယ်ရာ သက်သာစေနိုင်သည်။ အ သက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ပုံမှန်ပြုလုပ်ခြင်းမှာ ရိုးရှင်းကြီးကျယ်သော အနားယူပုံနည်းလမ်း တစ်ခုဖြစ် သည်ဟု ကျွမ်းကျင်သူ များက ပြောသည်။ အသက်ရှူ လေ့ကျင့်ခန်းမှာ လုပ်ရန်လွယ်ကူခြင်း၊ မည်သည့်နေ ရာ၌မဆိုပြု လုပ်နိုင်ခြင်းကြောင့် ကိုယ်စိတ်နှစ်ပါးအနားရရန် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်သည်။ အသက် ရှူလေ့ကျင့်ခန်းကို နေ့စဉ်မိနစ် အနည်းငယ်စီလုပ်ပေးပါ။ အသက်ရှူလေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်းဖြင့် သွေး တိုးကျစေနိုင်ပြီး စိတ်ကိုပိုတည်ငြိမ်စေကြောင်း သိရှိရသည်။

အသက်ပြင်းပြင်းရှူသွင်းစဉ် ဝမ်းဗိုက်ပိုင်းအထိ ရှူသွင်းရန်လို အပ်ပြီး အဆုတ်ထဲသို့ တတ်နိုင်သမျှ လေ များများဝင်ရန် အာရုံ စိုက်ပါ။ အပေါ်ပိုင်းရင်ဘတ်အထိ လေရှူသွင်းရမည့်အစား ဝမ်းဗိုက် အထိ အ သက်ပြင်းပြင်းရှူသွင်းချိန်၌ ခန္ဓာကိုယ်သည် အောက်ဆီ ဂျင်ဓာတ်ပိုရကြောင်း ကျွမ်းကျင်သူများက ပြော သည်။ အောက်ဆီဂျင်များများရရှိချိန်တွင် သင်၏ ဦးနှောက်မှာ တည်ငြိမ်သွားမည်ဖြစ်သည်။

သက်သောင့်သက်သာ အနေအထားထိုင်ကာ ကျောကို ဖြောင့်မတ်အောင်ထားပါ။ နှာခေါင်းမှတစ်ဆင့် ရှူသွင်းပြီး ပါးစပ်မှ လေထုတ်ပါ။ ဝမ်းဗိုက် ကျုံ့သွားချိန်တွင် လေကိုတတ်နိုင်သမျှများများ ရှူထုတ်ပစ်ပါ။ လေရှူ ထုတ်စဉ် ဖြည်းဖြည်းချင်း ရေတွက်ထားပါ။

အကယ်၍ ထိုင်လျက်အနေအထားဖြင့် ဝမ်းဗိုက်ပိုင်းထိ ရောက်အောင် အသက်ရှူရန် အခက်အခဲရှိပါက ကြမ်းပြင်ပေါ် တွင် လှဲချကာ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်နိုင်သည်။

သင်အသက်ရှူလေ့ကျင့်ခန်းလုပ်ရာနေရာသည် အာရုံပျက်ပြားမှုမရှိစေရန်၊ တိတ်ဆိတ် နေရန်လိုအပ်သည်။ တီဗီ၊ ရေဒီယိုတို့ကို ပိတ်ထားပြီး သင်၏ လက်ကိုင်ဖုန်းကို ဝေးဝေးထားလိုက်ပါ။

အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် အာရုံစူးစိုက်မှု အားကောင်းစေပြီး အာရုံထွေပြား မှု မဖြစ်စေကြောင်း လေ့လာမှုများ စွာကဖော်ပြသည်။

တစ်နေ့လျှင် အသက်ရှူ လေ့ကျင့်ခန်း အကြိမ် ၂၀ ခန့် စတင်ပြုလုပ်ပြီး လေ့ကျင့်ခန်းလုပ်ချိန်ကို ဖြည်းဖြည်း ချင်းတိုး၍ လုပ်ဆောင်ပါ။

—Ref: Internet
7Day News Journal
No.396 Sunday, June 1, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...