နာရေးကူညီသည့်လုပ်အားပေးများကို ကူညီသင်ကြားပေးခဲ့တဲ့ နန်းခင်ဇေယျာ



နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးမျိုးဆက် သစ်သင်တန်းတွင် နာရေးကူညီ ရာ၌ လုပ်အားပေး များ၏ ကိုယ် နှုတ်အမူအရာ၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သရုပ်ဖော်ဇာတ်လမ်း အသွင်သင် ကြားပြသမှုတွင် ပါဝင်ကူညီခဲ့ ကြောင်း နန်းခင်ဇေယျာကပြော သည်။

‘‘အခေါင်းသွားထမ်းတဲ့ အ ချိန်ကျရင် မှားတတ်တဲ့အမှားတွေ၊အလွဲတွေ၊ နောက်ပြီးတော့ သေ စာရင်းတွေ ဘယ်လိုထုတ်ရတယ် ။အယူသီးတာတွေကြုံလာတဲ့အ ခါဘယ်လိုဖြေရှင်းရမယ်။ တချို့ Caseတွေလိုမျိုး စိတ်ဝေဒနာရှင် တွေနဲ့ ဆုံရတာတွေ၊ ရန်ဖြစ်နေတာတွေ၊ ပွဲစားတွေနဲ့ကြုံရင် အသင်းအနေနဲ့ ဘယ်လိုဖြေ ရှင်းရမယ်ဆိုတာတွေကို သရုပ်ပြကြတာပါ’’ဟု ၎င်းကပြောသည်။

ယင်းအစီအစဉ်ကို ဇွန်လ၁၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဇာတ်ရုပ်အမျိုးမျိုးဖြင့် ပါဝင်သရုပ် ဆောင်ခဲ့ပြီး ၎င်းနှင့်အတူ နာရေး ကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦး ကျော်သူ၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင်ညီဂျော်၊ ဖိုးတာ၊ အေး အေးခိုင်၊ သဉ္ဇာဝင့်ကျော်နှင့် နာ ရေးကူညီမှုအသင်း(ရန်ကုန်)အ သင်းသူ၊ အသင်းသားများ ပါဝင် သရုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ထိုက်စံမော့စ် နှင့် ဇာတ်ကားတစ်ကားရိုက်ကူး ထားပြီး ဇွန်လ၁၈ရက်တွင် ကလော၌ မင်းသားဖြိုးငွေစိုးနှင့် ဗီဒီယို ဇာတ်ကားနှစ်ကား သွားရောက် ရိုက်ကူးမည် ဟု နန်းခင်ဇေယျာက ပြောသည်။

သရုပ်ဆောင်အနေဖြင့် ပရိ သတ်ရှေ့သို့ ပထမဆုံးရောက်ရှိခဲ့ သည့် ‘ဧပရယ် ညွှန်းစာဖွဲ့’ ဇာတ်ကားကို အးပေးခဲ့သဖြင့် ဆက်လက်ရိုက်ကူးနေသည့် ဇာတ်ကားများတွင် လိုအပ်ချက်များကို ဖြည့်၍သရုပ်ဆောင် ထားသည်ဟု ဆို သည်။

လေဆာဝေါကုမ္ပဏီမှ စီစဉ် သောအဆိုတော်ဉာဏ်လင်း အောင်နှင့် ရိုက်ကူးမည့်ဇာတ်ကား ကို ယခင်က ဇွန်လတွင်ရိုက်ကူး ရန်စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ရိုက်ရက်ရွှေ့ ထားသည်ဟု သိရသည်။


7Day Daily
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...