ရေအောက်ထဲမှာ (၃၁) ရက်ကြာ နေထိုင်ပြီး စံချိန်သစ် တင်ရှိခဲ့

ပြင်သစ်နိုင်ငံသား ဖေဘီယန်ဟာ ရေအောက်ထဲမှာ (၃၁) ရက်ကြာ နေထိုင်ပြီး ကမ္ဘာ့ စံချိန် တစ်ရပ်ကို ချိုးဖျက် နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖေဘီယန်ရဲ့ အဘိုးဖြစ်သူ ဂျက်ကွက်ဟာ ရေအောက်ထဲမှာ ရက် (၃၀) နေထိုင်ပြီး စံချိန်တစ်ခု တင်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဖေဘီယန် ဟာ နှစ်ပေါင်း(၅၀) ကျော်တင်ရှိ ထားတဲ့ အဘိုးဖြစ်သူ ဂျက်ကွက်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖေဘီယန်ဟာ ဖလော်ရီဒါ ပင်လယ် ကမ်းခြေမှာ စံချိန်သစ် တစ် ရပ်ကို တင်ရှိနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖေဘီယန်က (၃၁) ရက်ကြာမြင့်တဲ့ ပင်လယ် သမုဒ္ဒရာအောက် ခရီးစဉ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့လို့ ကျေနပ်မိ ကြောင်း ပြောကြား သွားမိပါတယ်။
ရာသီဥတု ပြောင်းလဲမှုနဲ့ သမုဒ္ဒရာ ရေပြင် အခြေအနေကို လေ့လာမှုများ ပြုလုပ်ဖို့ ဖေဘီယန် ဟာ ရေအောက် သုတေသန လုပ်ငန်းများ အတွက် တည်ဆောက်ထားတဲ့ အထူး ရေငုပ်သင်္ဘောမှာ (၃၁) ရက်ကြာ နေထိုင်ခဲ့ ခြင်း ဖြစ်ပါတယ်။ အသက်(၄၆) နှစ် ရှိပြီဖြစ်တဲ့ ဖေဘီယန်ဟာ ပင်လယ်ရေအောက် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ခဲ့ရပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ပိုင်းရေးရာကို အကောင်း ဆုံး ပြင်ဆင်ခဲ့ပြီးမှ စွန့်စားမှုကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖေဘီယန်ရဲ့အဘိုးဖြစ်သူ ဂျက်ကွက် ဟာ ၁၉၆၃မှာ ဆူဒန်နိုင်ငံက ပင်လယ်ကမ်းခြေမှာ ရက် (၃၀) ကြာတဲ့ စံချိန်ကို တင်ခဲ့ခြင်း ဖြစ်ပါ တယ်။ ဖေဘီယန်ဟာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ (၃၁) ရက်ကြာ နေထိုင်ရင်း သုတေသန လုပ်ငန်းတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)