ဆေးပညာ သတင်းဆန်းများ

Written by ဒေါက်တာ ကံညွန့်
မွေးရာပါ အင်္ဂါစုံတွဲများနဲ့ကလေးမ
ယခုအပတ် ဆေးပညာသတင်းဆန်းများဖော်ပြရာမှာ တရုတ်နိုင်ငံ Chengdu ပြည်နယ်က ရှားရှားပါး ပါးမွေးရာပါ အင်္ဂါစုံတွဲ (Duplicated Organs) တွေနဲ့ ကလေးမလေးတစ်ယောက်အကြောင်းကို တင်ပြ ချင်ပါတယ်။ ဒီကလေးမလေးဟာ အသက် ၁၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူ့မှာကျောက်ကပ် (Kidney) တစ်ဖက်တစ်လုံးသာရှိရမယ့်အစား တစ်ဖက်နှစ်လုံးစီလေးလုံး၊ ကျောက်ကပ်တစ်ခုစီက ဆီးလမ်း ကြောင်း (Ureter) လေးခု၊ ဆီးအိမ် (Bladder) နှစ်ခုနှင့် သားအိမ်နှစ်ခုတို့ရှိနေပါတယ်။ ဆေးပညာရှင် တွေရဲ့ ခန့်မှန်းချက်အရတော့ ဒီလိုမွေးဖွေးမှုဟာ ရှားရှားပါးပါးဖြစ်ပြီး နဂိုကသူ့မိခင်ဟာ အမြွှာကလေး နှစ်ဦးကို သန္ဓေစတည်ခဲ့တာဖြစ်ပြီး တစ်ဦးကမအောင်မြင်ဖြစ်သွားပြီး တစ်ဦးတည်းကို အင်္ဂါနှစ်ခုစီနဲ့ မွေးလိုက်ရ တာဖြစ်တယ်လို့ ယူဆကြပါတယ်။ Lanlan လို့အမည်ပေးထားတဲ့ ဒီကလေးမလေးကို Chengdu ပြည် နယ်မြို့တော်ရဲ့ မိခင်နှင့်ကလေးဆေးရုံကြီးမှ ဆရာဝန်တွေက အောင်မြင်စွာခွဲစိတ်ပြီး သက်ဆိုင် ရာကျောက်ကပ်၊ ဆီးလမ်းကြောင်း၊ ဆီးအိမ်၊ သားအိမ်တို့ကို သာမန်လူတွေအတိုင်းဖြစ် အောင်ခွဲစိတ်ပြီး ခဲ့ပါပြီ။ ဒီခွဲစိတ်မှုကို သူတို့အဆိုအရ ဘယ်အင်္ဂါအစုံတွေက အလုပ်ပိုလုပ်နိုင်ပြီး ဘယ်အင်္ဂါအစုံတွေက အလုပ်မလုပ်နိုင်သလဲဆိုတာကို သေချာစွာလေ့လာစောင့်ကြည့်ပြီးမှ မလုပ်နိုင် တဲ့အင်္ဂါစုံတွေကို ခွဲထုတ် ခဲ့ရတာလို့ ဆိုပါတယ်။ Duplicated Organ တွေနဲ့မွေးလာတဲ့ကလေးမလေး အကြောင်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ရပါတယ်။
အဆုတ်ကင်ဆာရှိမရှိ ထွက်လေကို စမ်း၍သိနိုင်ပြီ
နောက်တင်ပြလိုတဲ့ ဆေးပညာသတင်းတစ်ပုဒ်ကတော့ အသက်ရှုထုတ်လိုက်တဲ့လေကို စမ်းသပ်ရုံနှင့် အဆုတ်ကင်ဆာရောဂါရှိမရှိကို ခန့်မှန်းနိုင်ပြီဆိုတဲ့သတင်းပါ။ ဒီတွေ့ရှိချက်ကိုတော့ အမေရိကန်နိုင်ငံ Louis Ville တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေကလေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ Silicone Microprocessor နှင့် Mass Spectormeter တို့ကိုအသုံးပြုပြီး အသက်ရှုထုတ်လိုက်တဲ့ လေမှာပါလာ တဲ့ Carbonyls လို့အမည်ပေးထားတဲ့ Volatile Organic Compound (VOCS) ကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါ တယ်။ ဒီ Carbonyl Compund ဟာ Aldehyde နှင့် Ketone ဓာတ်တို့ပေါင်းစပ်ထားတာဖြစ်ပြီး သာမန် လူတွေမှာတော့ အသက်ရှုထုတ်လိုက်တဲ့လေမှာ အနည်းငယ်သာ ပါဝင်နိုင်ပါတယ်။ ဒီ Com-pound ဟာအမျိုးလေးမျိုးခန့်ရှိပြီး ဒီအမျိုးအစားအနည်းဆုံးသုံးမျိုးခန့် သာမန်ထက်ပိုမြင့်နေမယ်ဆိုရင် အဆုတ် ကင်ဆာရှိနိုင်တယ်ဆိုတာ ၉၅ ရာခိုင်းနှုန်းလောက် သေချာစွာခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ အဆုတ် ကင်ဆာမဖြစ်သေးဘဲသာမန်အကျိတ် (Benign Tumour) ရှိနေရင်လည်း ၈၀ ရာခိုင်နှုန်းခန့် မှန်းနိုင် တယ်လို့ဆိုပါတယ်။ ဒီအကျိတ်၊ အလုံးတွေကို ထုတ်ပစ်လိုက်တာနဲ့ ရှူထုတ်လိုက်တဲ့လေမှာ အဲဒီ Carbonyl Compound တွေပါဝင်မှုနည်းသွားတာကို တွေ့ရတယ်လို့ အော်လန်ဒိုမြို့မှာ ကျင်းပခဲ့ တဲ့ အကြိမ် (၅၀) မြောက် ရင်ခေါင်းခွဲစိတ်ကုဆရာဝန်တွေရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းခဲ့တာ ကိုဖော်ပြလိုက်ရပါတယ်။
နှလုံးရောဂါအတွက် အသုံးတွင်ကျယ်လာတော့မယ့်ဆေး
၂၀၁၃ ခုနှစ်ကျင်းပခဲ့တဲ့ International Heart Failure Congress ကနှလုံးရောဂါမှာ တွင်ကျယ်စွာ အသုံးပြုနိုင်တဲ့ဆေးတစ်ခုကို ထောက်ခံအတည်ပြုလိုက်ကြပါပြီ။ ဒီဆေးကတော့ Coenzyme Q 10 (COQ 10) ဆေးဖြစ်ပြီး ဒီဆေးရဲ့အာနိသင်ဟာ သူ့အလိုအလျောက် လူတွေရဲ့ကိုယ်ခန္ဓာကလည်း ထုတ်လုပ်ပေးနေတာဖြစ်တယ်။ သူ့ရဲ့အာနိသင်ဟာ နှလုံးကြွက်သားကလာပ်စည်းတွေကို အင်အားပိုမို ကောင်းမွန်အောင် လုပ်ပေးနိုင်တဲ့ အာနိသင်ရှိတယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ North Western Memorial Hospital ကနှလုံးရောဂါဆိုင်ရာ ဌာနမှူး Dr.Clyde Yancy ကတော့ နောက်ထပ် စမ်းသပ်မှုတွေ ပြုလုပ်ပြီးရင်ဒီဆေးကို တွင်ကျယ်စွာအသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။ အခုစမ်းသပ် မှုတွေအရ COQ10 ဆေးကို 100 mgm တစ်နေ့သုံးကြိမ် နဂိုသူရဲ့သောက်နေကျနှလုံးရောဂါဆေးတွေ နဲ့အတူ တွဲသောက်ခဲ့ရင် နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရခြင်းက ၅၀ ရာခိုင်နှုန်းကာကွယ်နိုင်တယ် ဆိုတာ တင်ပြလိုက်ရပါတယ်။
အမှတ် (၂) ဆီးချိုအတွက် ဆေးတစ်မျိုးထွက်ပေါ်
အမှတ် (၂) အမျိုးအစား ဆီးချိုဝေဒနာရှင်တွေအတွက် ဝမ်းသာစရာဆေးတစ်မျိုးအကြောင်းလည်း တင်ပြ ချင်ပါတယ်။ ဒီဆေးဟာ အမေရိကန်နိုင်ငံ FDA အဖွဲ့ကြီးကရော Australia နိုင်ငံ TGA အဖွဲ့ကြီး ကပါ ခွင့်ပြုချက်ရခဲ့တာပါ။ ဒီဆေးနာမည်ကတော့ INVOKANA လို့ခေါ်ပြီး Canagliflozin လို့လည်း ဆေးဝါး အခေါ်အရ ထုတ်လုပ်ထားတဲ့ဆေးပါ။ ဒီဆေးဟာ တခြားဆီးချိုဆေးတွေလိုပဲ အစားအစာမှာ ပါတဲ့ Glucose ကိုသွေးထဲမှာ စုပ်ဝင်မှုကိုလျှော့ချနိုင်တာအပြင် ဆီးထဲမှာအချိုဓာတ်ပါသွားအောင်ပါ လုပ်နိုင် တယ်လို့ ဆိုပါတယ်။ ဒီဆေးအကြောင်းကို လေ့လာထားတဲ့ အမေရိကန်နိုင်ငံ New York မြို့ Mount Sinai Diabetic Centre ကညွှန်ကြားရေးမှူးကတော့ ဒီဆေးကိုတခြားဆီးချိုဆေးတွေနဲ့ တွဲဖက်အသုံးပြုရင် ဆီးချိုထိန်းသိမ်းနိုင်မှုဟာ သိသိသာသာကောင်းမွန်နိုင်တယ်လို့ဆိုပါတယ်။ ဒီဆေး ရဲ့တခြားကောင်းမွန်တဲ့ အာနိသင်ကလည်း ဒီဆေးဟာကိုယ်အလေးချိန်ကို လျော့စေပြီးသွေးပေါင်ချိန် ကိုလည်းကျစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်ဆိုးတဲ့အာနိသင်ကတော့ ဒီဆေးကိုတာရှည်သောက် သုံးသူတွေမှာ Yeast ခေါ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်နိုင်ခြေရှိတယ်ဆိုတာ တင်ပြလိုက်ရပါသည်။
အင်တီအောက်ဆီဒင့်ဆေးများနဲ့ အဆုတ်ကင်ဆာ
နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကလည်း ထူးခြားပါတယ်။ အသက်ကြီးလာတဲ့လူတွေမှာ ကျန်းမာ ရေးကောင်းမွန်ဖို့ နေ့စဉ်သောက်နေရတဲ့ Antioxsidants ဆေးဝါးတွေဟာ ဆေးလိပ်အလွန်အကျွံ သောက်တဲ့လူတွေမှာ အဆုတ်ကင်ဆာရောဂါဖြစ်နိုင်ခြေကို ပိုတိုးစေတယ်ဆိုတဲ့ သတင်းပါ။ ဒါကိုတော့ ဆွီဒင်နိုင်ငံ Gotherburg ဆေးတက္ကသိုလ်က သုတေသီတစ်စုရဲ့ စာတမ်းကိုအမေရိကန်နိုင်ငံထုတ် Journal of Translational Medicine မှာဖော်ပြထားတာပါ။ Antioxidant ဆေးဝါးတွေဟာ ကိုယ်ခန္ဓာ က Cells တွေ မပျက်စီးအောင်ထားနိုင်ပြီး Cells ပျက်စီးမှုကြောင့် ဖြစ်တတ်တဲ့အိုမင်းရင့်ရော်မှုနှင့် ကင်ဆာရောဂါတချို့ကိုလည်း ကာကွယ်နိုင်တယ်လို့ လက်ခံထားခဲ့ကြတာပါ။ ဒါပေမယ့်ဆေးလိပ် သောက်သူတွေမှာတော့ ဒီလိုမကာကွယ်နိုင်ဘူးလို့ စာတမ်းရှင်ကထောက်ပြထားပါတယ်။ သူတို့ပြု လုပ်ခဲ့တဲ့ သုတေသနမှာအသုံးများတဲ့ Anti Oxidation ဆေးတွေဖြစ်တဲ့ Vitamin E နှင့် Nacetyl Cysteine ဆိုတဲ့ဆေးနှစ်မျိုးကို စမ်းသပ်ခဲ့ကြပါတယ်။ သူတို့ဟာပထမဓာတ်ခွဲခန်းမှာ ကြွက်တွေနဲ့ စမ်း ခဲ့ကြပါတယ်။ ဒီကြွက်တွေကို အဆုတ်ကင်ဆာအနည်းငယ်သာဖြစ်စေပြီး ဒီဆေးနှစ်မျိုးကို တချို့ကို Dose နည်းနည်းပေးပြီး တချို့ကို Dose များများပေးပြီး စမ်းသပ်ကြည့်တဲ့အခါ နည်းနည်းပေးတဲ့ ကြွက် တွေရဲ့ ကင်ဆာကျိတ်က နည်းနည်းသာပိုကြီးပြီး များများပေးတဲ့ကြွက်တွေမှာ ပိုကြီးနေတာကို တွေ့ရ တယ်လို့ ဆိုပါတယ်။ ဒီလိုတွေ့ရှိပြီးမှအဆုတ် ကင်ဆာရောဂါရှင်တွေကို လေ့လာကြည့်တဲ့အခါ Antioxidant သောက်သုံးတဲ့ အဆုတ်ကင်ဆာဝေဒနာရှင်တွေဟာ ရောဂါပျံ့နှုန်းပိုမြန်ပြီး ပိုပြီးအသက် ဆုံးရှုံးမှုမြန် ဆန်တာကို တွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဆေးလိပ်သောက်ပြီး အဆုတ်ကင်ဆာ ဖြစ်နေသူတွေ Antioxidant ဆေးဝါးတွေကို သတိထားအသုံးပြုကြဖို့ တင်ပြလိုက်ရပါတယ်။
ဂေါက်ရောဂါ ဘာအရက်နဲ့မှမတည့်
နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ Gout လို့ခေါ်တဲ့သွေးထဲမှာ Uric Acid ဓာတ်များပြီး ဖြစ်ရတဲ့ အဆစ်အမျက်ရောဂါအကြောင်းပါ။ ဒီဝေဒနာရှင်တွေဟာ ငါးသလောက်ဥ၊ အသည်းအမြစ်၊ မျှစ်၊ တညင်း သီး၊ ပဲပင်ပေါက်စတဲ့ အစားအစာတွေသာ ဆရာဝန်တွေက ရှောင်ခိုင်းခဲ့ကြတာတော့ကြာ ခဲ့ပါပြီ။ ဒါပေ မယ့်လေ့လာမှုကို သေချာစွာမလုပ်ခဲ့ကြသေးလို့ တိတိကျကျမပြောနိုင်ခဲ့ကြတာပါ။ အခု တော့ ၂၀၁၄ ခုနှစ်ကစပြီး ဂေါက်ရောဂါရှင် ၄၇၀၀၀ ကိုလေ့လာပြီး ပေါ်ထွက်လာတဲ့ စာတမ်းအရ အရက်သောက် တဲ့သူတွေမှာ အဆစ်ရောင်ရမ်းမှုကို ပိုပြီးဖြစ်စေတယ်လို့ ဆိုပါတယ်။ Gout ရောဂါဟာ အမေရိကန်နိုင်ငံ တစ်ခုထဲမှာ လူပေါင်းရှစ်သန်းကျော် ခံစားနေတဲ့ရောဂါဖြစ်ပြီး အဝလွန်သူတွေမှာ ပိုဖြစ်တတ်ပြီး ခြေမ၊ Ankle Joint နှင့် ဒူးဆစ်တွေမှာ ရောင်ရမ်းကိုက်ခဲမှုတွေဖြစ်ပြီး အလုပ်မလုပ်နိုင် ဖြစ်ကြရတဲ့ရောဂါပါ။ သူတို့နိုင်ငံက လူတချို့ကတော့ ဒီရောဂါကို Disease of Kings လို့ခေါ်ကြောင်း တင်ပြရင်း ယခုအ ပတ်ဆေးပညာသတင်းဆန်းများ တင်ပြခြင်းကိုနိဂုံးချုပ်လိုက်ရပါတယ်။

မြန်မာ့အလင်းသတင်းစာ
ဇွန် (၅) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးများနှင့် အောင်မြင်သည့် မဲဆောက်မှမြန်မာကလေးများ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... စကားအလွ မြန်မာက APK for Androidဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Fujifilm X Pro1 Review - Digital Camera
- (အနောကျသို့) Huawei ဟန်းဆက်အတုများ ဈေးကွက်တွင်ပျံ့နှံ့ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... စကားအလွ မြန်မာက APK for Androidဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Fujifilm X Pro1 Review - Digital Camera