တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးများနှင့် အောင်မြင်သည့် မဲဆောက်မှမြန်မာကလေးများ

မဲဆောက်မှ မြဝတီ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်း သွားရောက်ဖြေဆိုခဲ့သည့် မဲဆောက်ဒေသ အခြေစိုက် မြန်မာရွှေ့ပြောင်း ကျောင်းအသီးသီးမှ ကျောင်းသား ၁၂၅ ဦးသည် အောင်ချက်ကောင်း ကောင်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
ဖြေဆိုခဲ့ကြ
အဆိုပါကလေးငယ်များသည် မြန်မာရွှေ့ပြောင်း ပညာရေးကော်မတီနှင့် ကရင်ပြည်နယ်အစိုးရတို့၏ အစီ အစဉ်များဖြင့် မဲဆောက်မှ နယ်ခြားသောင်ရင်းမြစ်ကို ကူးပြီး မြဝတီမြို့စာစစ်ဌာနများတွင် သွား ရောက်ဖြေ ဆိုခဲ့ကြခြင်းဖြစ်သည်။
ပညာသင်
မဲဆောက်ဘက်တွင် မြန်မာရွှေ့ပြောင်း ကလေးငယ်များစာသင်ကြားနေကြသည့် အထက်တန်း ကျောင်း ရှစ်ကျောင်း၊ အလယ်တန်းကျောင်း ၃၀ ခန့်၊ မူလတန်းနှင့် မူကြိုကျောင်းများ အပါအဝင် ကျောင်းပေါင်း ၇၄ ကျောင်းရှိပြီး မြန်မာကလေးငယ်နှစ်သောင်းကျော် ပညာသင်ကြားနေကြသည်။
အဆိုပါကျောင်းများထဲ၌ စက်မှုလက်မှုကျောင်း တစ်ကျောင်းတည်းပါဝင်ပြီး ယင်းကျောင်းများကို ထိုင်း ပညာရေးဌာနများနှင့် ညှိနှိုင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး အကူအညီအများစုကို နိုင်ငံတကာအလှူရှင်များ ထံမှ ရရှိနေကြောင်း သိရသည်။
ဂုဏ်ထူး
ယင်းကျောင်းသားများထဲမှ မဲဆောက်မြန်မာရွှေ့ပြောင်း ကျောင်းတစ်ကျောင်းဖြစ်သည့် ဆာ့သူးလေ အထက်တန်းကျောင်းမှတစ်ဆင့် မြဝတီခရိုင် စာစစ်ဌာနတွင် သွားရောက်ဖြေဆိုခဲ့သည့် ဦးမိုးမြင့်၏သား မောင်ဉာဏ်သာမြင့်ကလည်း လေးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။
‘သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ အကူအညီပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အထူးကျေးဇူး တင်ရှိကြောင်း မောင်ဉာဏ်သာမြင့်က ပြောဆိုပြီး သူအဖြစ်ချင်ဆုံးကတော့ အင်ဂျင်နီယာပါ’ ဟုပြော ကြားခဲ့သည်။
ရာခိုင်နှုန်း
မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းကျောင်းများမှ မြန်မာကလေးငယ် ၁၂၅ ဦးဝင်ရောက်ဖြေဆိုခဲ့ ရာတွင် ၃၅ ဦးအောင်မြင်ခဲ့သည့်အတွက် အောင်ချက် ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယင်းကလေးငယ်များ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် လိုအပ်သည့်အကူအညီများပေးသည့် အထဲတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှ ဆရာတော် အရှင်ဆေကိန္ဒလည်း အပါအဝင်ဖြစ်ကြောင်း သိရ သည်။
ပိုများ
မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းပညာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက လာမည့်ပညာသင် နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ ပိုမိုများပြားလာမည်ဖြစ် ကြောင်း ပြောကြားသည်။
အောင်မြင်
မြန်မာရွှေ့ပြောင်းကျောင်းသားများ၏ အောင်မြင်မှုများမှာ ဆာ့သူလေးကျောင်းမှ ၂၃ ဦး၊ မယ်ဝါခီး ကျောင်းမှနှစ်ဦး၊ သွေးသစ်ကျောင်းမှ ခြောက်ဦး၊ STTC ကျောင်းမှလေးဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်ငါးဦးတို့ အောင်မြင်ခဲ့ကြောင်း သိရသည်။
စံတော်ချိန်သတင်းစာ
ဇွန် (၉) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)