ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက် သုံးသူများ သတိထား



ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ် လာနိုင်ပါသည်။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည်။

ညဖက်တွင် အသုံးပြု့ နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်း များကြောင့်ဖြစ်ပါတယ်။ မျက်စိအမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်း ဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ်ပျောက်သွားတက်ပါသည်။

လူတစ်ယောက်သည့် အိပ်ချင်စိတ်ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့်အတူ အိပ်စက်ခြင်းမရတော့ပါ ။ ထိုကဲ့သို့ အိပ်စက်ခြင်းပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည်။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို၊ နှလုံး၊ စိတ်ကျရောဂါများအစ လူကြီးများတွင် လေဖြတ်ရောဂါအထိ ရရှိနိုင်ပါသည် ။

ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြု့ မိ အသုံးပြု့ လေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ။


Mg Mandalay
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...