လက်ပတ်နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက်

လက်ပတ် နာရီတစ်လုံးလို အသုံးပြုနိုင်မည့် Cherry Mobile တံဆိပ် G1 မော်ဒယ် လက်ပတ် ဖုန်းကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်ပြီး အဆိုပါဖုန်းမှာ GSM နှစ်ကတ်ထည့်သွင်း အ သုံးပြုနိုင်သော Dual SIM 2G ဖုန်းအမျိုးအစား ဖြစ်ကြောင်းသိရသည်။ ဖုန်းတွင် ၁.၄၄ လက်မအရွယ် အစား TFT Touch LCD စကရင်နှင့် ကီးပက်စ်စနစ်ကို အသုံးပြုထားပြီး စကရင် resolution 128x128 pixels ထိထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ဖုန်းလက်ခံပြောဆိုခြင်း ခေါ်ဆိုခြင်းများအပြင် SMS စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းပြောရန်အတွက်ကြိုးမဲ့ Handfree နားကြပ်ပါဝင်ပြီး Bluetooth V2.1+ EDR စနစ်နှင့် GPRS စနစ်များထောက်ပံ့ ပါဝင်ကြောင်းသိရသည်။ 1.3MP ကင်မရာပါဝင်ပြီး ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးနိုင်မည်ဖြစ်ပြီး FM radio စနစ်နှင့် MP3, MP4, 3gp, avi ဖိုင်များကို ဖုန်းတွင်အ သုံးပြုနိုင် မည် ဖြစ်သည်။ ဖုန်းတွင်သိုလှောင်မှုပမာဏ 8GB ထိထည့်သွင်းအသုံးပြုနိုင်မည့် micro SD ကတ်ပေါက် ပါဝင်ပြီး Blacklist စနစ်၊ တုန်ခါမှုစနစ် (Vibration)၊ နာရီ၊ ပြက္ခဒိန်၊ နှိုးစက်စနစ်များလည်း ထောက်ပံ့ပါ ဝင်ကြောင်း သိရသည်။ 400mAh ပမာဏရှိ ဘက်ထရီကိုထည့်သွင်းထားပြီး ဖုန်းပြောခြင်းကို နာရီပေါင်း ၁၆၀ ခန့်အသုံးပြုနိုင်မည်ဖြစ်သည်။ ဒီဖုန်းရဲ့တန်ဖိုးကတော့ ၃၉,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ဖုန်း- ၀၁-၅၇၁ ၇၄၃ မှာ ဝယ်ယူနိုင်မည်ဖြစ်သည်။
-ရဲထွဋ်ဝင်း
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၂)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ကမၻာ့ဖလား အဖြင့္ပြဲမွာ အဂၤလန္က အီတလီကို နိုင်မယ်လို့ ခွေးကလေး Roo ခန့်မှန်း Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဝေဖာနှင့် ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုး စားသုံးရန် မသင့်ကြေညာ
- (အနောကျသို့) Amazon ဖုန်းတွင် 3D နည်းပညာ အသုံးပြုထားဖွယ်ရှိ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဝေဖာနှင့် ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုး စားသုံးရန် မသင့်ကြေညာ