Amazon ဖုန်းတွင် 3D နည်းပညာ အသုံးပြုထားဖွယ်ရှိ

Amazon ကထွက်ရှိလာမည့် ပထမဦးဆုံး စမတ်ဖုန်း၌ 3D interface အသုံးပြုထားရှိကာ ၎င်းဖုန်းကို ဇွန်လ၁၈ရက်နေ့၌ ကျင်းပမည့်ပွဲတွင် မိတ်ဆက်ဖွယ်ရှိကြောင်း TechCruch သတင်းဋ္ဌာနမှဖော်ပြခဲ့သည်။
Amazon မှထုတ်လုပ်မည့်ဖုန်းတွင် Omron ၏ မျက်နှာကို မှတ်သားပေးထားနိုင်သော Okao Vision စနစ်ပါဝင်လာဖွယ်ရှိသည်။ Amazon အနေဖြင့် ၎င်းနည်းပညာကို ပြင်ဆင်မှုများ ပြုလုပ်ပြီး ဖုန်းတွင် အထူးပြုလုပ်ထားသည့် မှန်သားများအသုံးမပြုဘဲ ရိုးရှင်းသော LCD screen ပေါ်တွင် 3D affect များကို မြင်သာအောင် ပြုလုပ်ထားဖွယ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ ဆော့ဖ်ဝဲသည် သုံးစွဲသူများ၏ မျက်နှာများကို ခြေရာခံရန် ဖုန်း၏ထောင့်များတွင် ရှေ့ကင်မရာ ၄ခုကို embed ပြုလုပ် ထားသည့် အပြင် accelerometer နှင့် gyroscope များကလည်း မျက်နှာအနေအထားကို ခြေရာခံပေးနိုင် ဖွယ်ရှိသည်။
Okao Vision နည်းပညာတွင် မျက်နှာများကို ခြေရာခံသည့် အပြင် facial feature နှင့် သုံးစွဲသူကို ကျား/မ ခွဲခြားပေးနိုင်ကြောင်း သိရှိရသော်လည်း ၎င်း feature များကို Amazon အနေဖြင့် ဖုန်းအတွင်း အသုံးပြုရန် အစီအစဉ်ရှိမရှိ မသိရသေးပေ။ အဆိုပါဖုန်းနှင့် ပတ်သက်ပြီး Amazon နှင့် Omron တို့မှ အတည်ပြုချက်များ ထွက်ပေါ်မှုများ မရှိသေးသော်လည်း ဇွန်လ ၁၈ရက်နေ့တွင် Amazon သည်၎င်းတို့၏ ပထမဦးဆုံး စမတ်ဖုန်းကို မိတ်ဆက်ပေးဖွယ် ရှိကြောင်း သိရသည်။
စိုးထက်
Ref: Engadget
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၂)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) လက္ပတ္နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက် Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားHoneymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) SD card ဖိုင်များအား encrypt ပြုလုပ်နိုင်သည့် Android Simplelocker ransomware ကို လုံခြုံရေး ကုမ္ပဏီတစ်ခု ရှာဖွေတွေ့ရှိ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားHoneymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ