Curtin University မှပညာသင်ဆု နှစ်မျိုး ပေးအပ်မည်

Curtin University မှ မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသားများအား (Merit Scholarship) ပညာသင်ဆု ၂၅ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းကို ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
ဘွဲ့ကြိုပြီးထားသူများသည် ၂၅ ရာခိုင်နှုန်း ပညာသင်ဆု အတွက် Science and Engineering ဘာသာ ရပ်များကို လျှောက်ထားနိုင်မည်ဖြစ်ပြီး ဘွဲ့လွန်ပြီးသော ကျောင်းသား၊ ကျောင်းသူများ အတွက် Master of Engineering Science (Electrical Engineering ESihf Electrical Utility Engineering) ဘာသာ ရပ်များအား ၅၀ ရာခိုင်နှုန်း ပေးအပ်မည်ဖြစ်သည်။
သြစတြေးလျနိုင်ငံရှိ Curtin University တွင် ပေးအပ်မည့် ပညာသင်ဆုသည် Undergraduate (ဘွဲ့ကြို) တန်းကို တက်ရောက်ပြီးသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရမှတ် CWA 75 ရာခိုင်နှုန်းနှင့် အထက် ရရှိထားသူဖြစ်ရမည် ဖြစ်ပြီး ၎င်းပညာသင်ဆုကြေးကို မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှင့် အထက်ကို ၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် Postgraduate (ဘွဲ့လွန်) တန်း ပြီးမြောက် အောင်မြင်ထားသော ကျောင်းသားများအတွက် ၂၀၁၄ ခုနှစ် Semester 2 တွင် ပေးအပ်ပြီး အနည်းဆုံးထူးချွန် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကိုသာ Master of Engineering Science ဘာသာရပ်တွင် ၅၀ ရာခိုင်နှုန်း ပေးအပ်မည် ဖြစ်သည်။
လျှောက်ထားလိုသော ကျောင်းသားများသည် Myanmar Search International (MSI) နိုင်ငံခြား ပညာရေး ဝန်ဆောင်မှု ဖုန်း- ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ နှင့် AT & S ဖုန်း-၀၁-၆၅၂၂၈၈၊ ၀၉-၅၀၆၂၁၇၁၊ ၀၉-၅၁၂၄၇၆၁ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)