Galaxy Note 4 တွင် ၅.၇ လက်မ QHD screen ပါဝင်မည်



Samsung ၏ Galaxy Note 4 တွင် ယခင် Note 3 အတိုင်း ၅.၇ လက်မ screen ကို အသုံးပြုထားသော် လည်း ၎င်းသည် QHD resolution ဖြင့် ဖော်ပြပေးနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သတင်းပေါက်ကြားမှုကြောင့် ထွက်ပေါ်လာခဲ့သည့် အချက်အလက်များအရ အဆိုပါ ထုတ်ကုန်တွင် မော်ဒယ်နံပါတ် SM-N910A ဟုရေးသားထားပြီး ၎င်းသည် AT&T မှ ဖြန့်ချိမည့် Galaxy Note 4 ကို ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Samsung Galaxy Note 4 တွင် ပါဝင်လာမည့် ၅.၇ လက်မ QHD screen သည် 2560x1440 resolution ဖြင့် ဖော်ပြပေးနိုင်မည် ဖြစ်သောကြောင့် Note 3 နှင့်အရွယ်အစားတူသော်လည်း ၎င်းထက် မြင့်မားသည့် resolution ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Note 4 အမေရိကန်ဗားရှင်းတွင် 2.7GHz Qualcomm Snapdragon 805 processor နှင့် optical image stabilization (OIS) ပါဝင်သော 16-megapixel ကင်မရာတို့ကို အသုံးပြု ထားကြောင်း SamMobile ၏ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Samsung အနေဖြင့် Galaxy Note 4 ကို Apple ၏ ၄.၇ လက်မ iPhone 6 မဖြန့်ချိခင် မိတ်ဆက်ပေး ဖွယ်ရှိကြောင်း သိရသည်။


Ref: SlashGear
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...