ရာသီဥတုဒဏ်ခံနိုင်သည့် Fujifilm ၏ ပထမဦးဆုံး X-mount zoom ကို ဇူလိုင်လတွင် ရောင်းချမည်



ရာသီဥတုဒဏ်ခံနိုင်သည့် ကုမ္ပဏီ၏ ပထမဦးဆုံး X-mount ကင်မရာကို မိတ်ဆက်ပေးခဲ့သည့် Fujifilm က XF18-135mm f3.5-5.6 R LM OIS WR မှန်ဘီလူး၏ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းကို ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၉၀၀ ဖြင့် တင်ပို့ ရောင်းချမည်ဟု ကြေညာခဲ့သည်။

အဆိုပါ မှန်ဘီလူးတွင် အဆင့်မြှင့် ပုံရိပ်တည်ငြိမ်မှုစနစ် ပေါင်းစပ် ပါဝင်လာပြီး ရာသီဥတုဒဏ်နှင့် ဖုန် ဝင်ရောက်မှုဒဏ်များကို ကာကွယ်နိုင်မည့် sealed point ၂၀ ပါဝင်သည်။ E-series အမျိုးအစား များထက် ပိုမိုကောင်းမွန်သည့် အချက်မှာ physical aperture ring တစ်ခု ပါဝင်လာခြင်း ဖြစ်သည်။

XF 16-55mm f/2.8 R OIS WR နှင့် XF 50-140mm f/2.8 R OIS WR တို့ကို ယခုနှစ်ကုန်ပိုင်းမှသာ ရောင်းချရန် စီစဉ်ထားကြောင်း Fujifilm မှ ပြောကြားခဲ့သည်။


Ref: CNET
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...