Google က အင်တာနက် ထုတ်လွှင့်ပေးနိုင်သည့် Satellite များကို တီထွင်ရန် ဒေါ်လာ (၁) ဘီလီယမ်ကျော်သုံးစွဲမည်



Google က အင်တာနက် ထုတ်လွှင့်ပေးနိုင်သည့် Satellite များကို တီထွင်ရန် ဒေါ်လာ (၁) ဘီလီယမ်မှ (၃) ဘီလီယမ် အထိသုံးစွဲမည်ဟု Wall Street Journal က ရေးသားထားပါသည်။ အဆိုပါ Satellite များ က အင်တာနက် မရရှိသည့် ကမ္ဘာ့နိုင်ငံများတွင် အင်တာနက် ထုတ်လွှင့်ပေးမည် ဖြစ်သည်။

သတင်းအချက်အလက်အသေးစိတ်ကို မသိရသေးသော်လည်း အဆိုပါ စီမံကိန်းတွင် အရွယ်သေးငယ် သည့် Satellite အလုံးရေ (၁၈၀) ကို အသုံးပြုမည် ဖြစ်သည်။ Satellite များသည် သမားရိုးကျ Satellite များထက် တိုတောင်းသော ကမ္ဘာပတ်လမ်းကြောင်းတွင် လှည့်ပတ်မည်ဖြစ်သည်။ စီမံကိန်းကို Satellite ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် O3b ကိုတည်ထောင်သူ Greg Wyler က ဦးဆောင်မည် ဖြစ် သည်။ အခြား Satellite Company တစ်ခုဖြစ်သည့် Space Systems/Loral မှ အင်ဂျင်နီယာများကိုလည်း စီမံကိန်းတွင် ပါဝင်ရန် Google က ငှားရမ်းပြီးဖြစ်သည်။

Google က ငွေကြေးကုန်ကျမှုများပြားသည့် မြေပြင်အခြေစိုက် အင်တာနက် ထုတ်လွှင့်သည့် အဆောက် အဦးများ အစား အခြားသောနည်းလမ်းများကို အသုံးပြုရန် ရှာဖွေနေပါသည်။ Google က ၂၀၁၃ ခုနှစ် ဇွန်လတွင် Project Loon စီမံကိန်းကို ကြေညာခဲ့ပြီး မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးခဲ့ပါ သည်။ အင်တာနက် ဘောလုံးများ သည် နေရောင်ခြည်စွမ်းအင်ဖြင့် ဝေဟင်တွင် လှည့်ပတ်နိုင်ပြီး အဝေးမှ ထိန်းချုပ်နိုင်ပါသည်။

Google က ဧပြီလတွင်လည်း နေရောင်ခြည် စွမ်းအင်သုံး Drone များတီထွင်သည့် Titan Aerospace ကို ၀ယ်ယူခဲ့ပါသည်။ အဆိုပါ Drone များသည် နေရောင်ခြည်စွမ်းအင်ဖြင့် ငါးနှစ်ကြာ မရပ်မနား ပျံသန်းနိုင်ပါ သည်။ Titan Aerospace သည် မက္ကဆီကို အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး သူ၏ Solara 60 သည် ပေါ့ပါးပြီး အမြင့်ပေ ၆၅၀၀၀ တွင် နှစ်အတော်ကြာ ပျံသန်းနိုင်ပါသည်။ Wireless ဆက်သွယ်ရေး ကိရိယာများကဲ့သို့ ပစ္စည်းများကို အလေးချိန် ပေါင် ၂၅၀ အထိသယ်ဆောင်နိုင်ပါသည်။

Facebook ကလည်း Drones, Satellites, Lasers များကို အသုံးပြုပြီး အင်တာနက် မရရှိသည့်နိုင်ငံ များ တွင် ဆက်သွယ်မှု ရရှိရန် ကြိုးစားနေပါသည်။ Google နှင့် Facebook သည် တစ်ကမ္ဘာလုံးတွင် အင်တာနက် အသုံးပြုသူများပြားစေရန် ကြိုးစားနေပြီး ၀င်ငွေတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...