HIV မိခင်မှ မွေးဖွားလာသူကလေးငယ်များ ဆေးယဉ်မှုပိုမိုများပြားလာ

Health Updates Journal No. 121
HIV ကူးစက်ခံရပြီး မွေးဖွားလာသူကလေးများသည် အရွယ်ရောက်ပြီး သူများထက် ဗိုင်းရပ်စ်သတ်ဆေး များကို ယဉ်ပါးလာကြကြောင်း Tulane University School of Medicine က ပြုလုပ်သည့် သုတေသန အရသိရသည်။
ကလေးငယ် (၄၅၀)ဦးကို လေ့လာခဲ့ရာ (၇၄) ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်သတ်ဆေး အနည်းဆုံးတစ်မျိုးကို ယဉ်ပါးနေကြပြီး (၃၀)ရာခိုင်နှုန်းတွင် HIV ဗိုင်းရပ်စ်သတ်ဆေးနှစ်မျိုးကို ယဉ်ပါးလျက်ရှိသည်ကို တွေ့ရ သည်။ ၎င်းယှဉ်လျှင် အရွယ်ရောက်သူများ၏ (၃၆) ရာခိုင်နှုန်းသာ HIV ဗိုင်းရပ်စ်သတ်ဆေးများကို ယဉ်ပါးနေကြပြီး (၁၂) ရာခိုင်နှုန်းသာ ဗိုင်းရပ်သတ်ဆေးနှစ်မျိုးကို ယဉ်ပါးလျက်ရှိကြသည်။
““ဆေးယဉ် ပါးတာရဲ့ အဓိကပြ ဿနာတစ်ခုက တစ်ခါယဉ်သွားပြီးရင် ဘယ်တော့မှ မပျောက်တော့ပါဘူး ””ဟု ဦးဆောင် သုတေသီ Dr. Russell Van Dyke က ဆိုသည်။
သုတေသနတွင် ပါဝင်သည့် ကလေးတစ်ဦးသာ ဆေးအားလုံး ယဉ်နေသည်ကိုတွေ့ရသည်။ သုတေသန သည် ကလေးများ နှင့် လူရွယ်များတွင် HIV ဗိုင်းရပ်စ်သတ်ဆေး စွဲစွဲမြဲမြဲ သောက်သုံးရန် အရေးကြီးပုံကို မီးမောင်းထိုးပြထား ပြီးကလေးငယ်များတွင် လူကြီးများကဲ့သို့ ဆေးပေါင်းတစ်လုံးတည်း သောက်ရန် မဖြစ်နိုင်သေးဘဲ ဆေးလုံးများစွာ သောက်ရတတ်သောကြောင့် ကလေးများ၌ ဆေးအားလုံး စုံစုံညီညီ အချိန်မှန် သောက်သုံးရန်လိုကြောင်း သုတေသီများကဆိုသည်။
““ဆေးယဉ်တာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဆေးမှန်မှန်သောက်ပြီး ဗိုင်းရပ်ပိုး ကောင်ရေ လျှော့ချထားဖို့ပါပဲ။ သောက်ဖို့ပေးထားတဲ့ ဆေးတွေအကုန်မသောက်ဘဲ တချို့တစ်ဝက် သာသောက်သော၊ သောက်ချိန် မပြည့်ခင် ဖြတ်လိုက်တာတွေကြောင့် ဆေးယဉ်လာတတ်ပါတယ်”” ဟု Van Dyke က ပြောကြားသည်။
သီဟ
ref: NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)