လိင်အသားပေး ဇာတ်ကားများ အလွန့်အကျွံကြည့်ခြင်းက ဦးနှောက်သေးကွေးလာစေနိုင်

Health Updates Journal No. 121
ဂျာမန်သုတေသီများဟာ လိင်အသားပေး ဇာတ်ကား porn တွေကို ကြည့်ရှုမှုများတဲ့ သူတွေဟာ ဦးနှောက်အရွယ်အစား သေးလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
““မိမိတို့လေ့လာမှုမှာ ဦးနှောက်ရဲ့ subcortical အပိုင်းရဲ့ ညာဖက်မှာ တည်ရှိတဲ့ မီးခိုးရောင် ဦးနှောက် အစိတ်အပိုင်း (grey matter) ဟာ လိင်ဇာတ်ကားတွေ အလွန်အကျွံ ကြည့်သူတွေမှာ ကျုံ့လာတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်””လို့ လေ့လာမှု ခေါင်းဆောင် ဂျာမနီနိုင်ငံ၊ Max Planck လူသားဖွံ့ဖြိုးမှုဆိုင်ရာ အင်စတီကျူမှ Simone Kohnှ က ရှင်းပြထားပါတယ်။ လိင်အသားပေး ဇာတ်ကားတွေရဲ့ ဦးနှောက်အပေါ် သက်ရောက်မှုကိုလေ့လာနိုင်ဖို့အတွက်၂၀ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသား ၆၄ ဦးကို ဇာတ်ကားကြည့် ရှုမှု အမူအကျင့်များကို မေးမြန်းခဲ့တဲ့အပြင် ယင်းတို့ရဲ့ ဦးနှောက်ကိုလည်း MRI အသုံးပြုပြီးစစ်ဆေးခဲ့ ပါတယ်။ တွေ့ရှိလာမှုအရတော့ လိင်အသားပေး ဇာတ်ကားတွေ ကြည့်ရှုမှုများတဲ့ အမျိုးသားတွေဟာ ဦးနှောက် အရွယ်အစားသေးငယ်လာပြီး အိမ်ထောင်သည်များမှာ ချစ်တင်းနှောတဲ့အခါ စိတ်ပါဝင်စားမှု နည်းပါးလာတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီလေ့လာမှုကို Journal JAMA Psychiatry မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
သက်နှင်း
ref: IANS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)