iCloud ကို Android မှာ အသုံးပြုနည်းများ



Apple ရဲ့ Device များမှာ Email, Contacts, Calendar, Tasks စတာတွေကို iCloud မှာ သိမ်းထားနိုင် ပြီး iDevice များမှာ Sync လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ iPhone ကနေ Android Phone ပြောင်းကိုင်ချင် တဲ့အခါမှာ iCloud မှာ သိမ်းထားတဲ့ ဒေတာများကို Android Phone မှာ Sync ပြုလုပ်ဖို့ Apple က ပြုလုပ်ပေးထားခြင်းမရှိပါဘူး။ ဒါပေမယ့် iCloud မှ ဒေတာများကို Android မှာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ Apps များရှိပါတယ်။

Email
---------
Android Device တိုင်းမှာ Email App ပါရှိသလို Gmail App လည်းပါရှိကြပါတယ်။ အဲဒီ App များ သာမက အခြား Email App များမှာ iCloud မှ အီးမေးများကို ထည့်သွင်းနိုင်ပါတယ်။ ဒီလို ပြုလုပ်ဖို့ အတွက်
၁။ Email App ကိုဖွင့်ပြီး Menu ကိုနှိပ်ပါ။
၂။ Add Account ကို နှိပ်ပါ။
၃။ iCloud Email Address နဲ့ Password ကို ထည့်သွင်းပါ။ ပြီးရင် Next နှိပ်ပါ။
၎။ IMAP ကို ရွေးချယ်ပြီး Next နှိပ်ပါ။
၅။ Incoming Server Settings ရောက်ရင် Username မှ @icloud.com ကို ဖြုတ်ပါ။
၆။ IMAP Server ကို “imap.mail.me.com” သို့ ပြောင်းပါ။
၇။ Security Type မှာ SSL/TLS (Accept all certificates) ကို ရွေးပေးပါ။
၈။ Port မှာ 993 ကို ထည့်ပေးပြီး Next နှိပ်ပါ။
၉။ Outgoing Server Settings မှာ SMTP Server ကို “smtp.mail.me.com” သို့ပြောင်းပါ။
၁၀။ Security Type မှာ STARTTLS ကို ပြောင်းပြီး Port မှာ 587 ကို ထည့်ပေးပါ။ “Require sign-in” မှာ အမှန်ခြစ်ပေးပါ။
၁၁။ Next နှိပ်ပါ။

အပေါ်က အဆင့်များကို ပြုလုပ်ပြီးရင် Save လုပ်ပါ။ ဒါဆိုရင် iCloud မှ အီးမေးများကို Android Phone မှ Email App မှာ အသုံးပြုလို့ရပါပြီ။ 

အပေါ်ကဆင့်များအတိုင်း ပြုလုပ်လို့ အဆင်မပြေရင် Incoming နဲ့ Outgoing Server Settings မှ Security Type မှာ ပြောင်းလဲမှု ပြုလုပ်ပေးပါ။

Contacts
------------
iCloud မှာ သိမ်းထားတဲ့ Contacts များကို Android မှာ အသုံးပြုနိုင်ဖို့ Sync ပြုလုပ်ပေးနိုင်တဲ့ App များစွာ ရှိပါတယ်။ အလွယ်ဆုံး App က SmoothSync for Cloud Contacts ဖြစ်ပေမယ့် အခမဲ့ မရဘဲ ဒေါ်လာ ၃.၉၉ နဲ့ ၀ယ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီ App ကို အသုံးမပြုမီ JB Workaround Cloud Contacts App ကို အရင် အင်စတော လုပ်ပြီး Run ထားရမှာ ဖြစ်ပါတယ်။ ပြီးမှ SmoothSync for Cloud Contacts ကို Run ပြီး iCloud Username နဲ့ Password ထည့်ပေးပါ။ ဒါဆိုရင် iCloud မှ Contacts များကို Android ရဲ့ Contact မှာ တွေ့မြင်နိုင်ပါပြီ။ 

အခမဲ့ ရယူနိုင်တဲ့ App ကို အသုံးပြုချင်ရင် CardDAV-Sync Beta (Free) ကို သုံးနိုင်ပါတယ်။
၁။ CardDAV-Sync Free Beta ကို အင်စတော လုပ်ပြီးရင် ဖွင့်ပါ။
၂။ Server Name or URL မှာ “contacts.icloud.com” ကို ထည့်ပေးပါ။
၃။ Username နဲ့ Password မှာ Apple ID နဲ့ Password ကို ဖြည့်ပေးပါ။
၎။ Account Name မှာ နှစ်သက်ရာ နာမည်ဖြည့်ပေးပါ။ “Sync from server to phone only” မှာ အမှန်ခြစ်ထားရင် iCloud ကနေ ဖုန်းကိုပဲ One-Way Sync ပြုလုပ်ပေးမှာပါ။ Android မှ Contacts များကို iCloud မှာ သိမ်းချင်ရင် အမှန်ခြစ်ဖြုတ်ပေးထားပါ။
၅။ Finish ကိုနှိပ်ပါ။

ဒါဆိုရင် iCloud မှ Contacts များကို Android မှာ သုံးနိုင်ပါပြီ။

Calendar
-------------
Calendar ကို Sync ပြုလုပ်ဖို့ App နှစ်ခုကို အသုံးပြုနိုင်ပါတယ်။ တစ်ခုက SmoothSync for Cloud Calendar ($2.98) ဖြစ်ပါတယ်။ App ကို အင်စတော လုပ်ပြီးရင် Username နဲ့ Password ဖြည့်ပေးပါ။ ဒါဆိုရင် iCloud Calendar ကို Android မှာ သုံးနိုင်ပါပြီ။ 

App နောက်တစ်ခုက CalDAV-Sync ($2.89) ဖြစ်ပါတယ်။ အဲဒီ App ကို အသုံးပြုဖို့ JB Workaround CalDAV-Sync ကို အရင် အင်စတော လုပ်ထားရပါမယ်။ ပြီးရင် အောက်ကအဆင့်များကို ဆက်လုပ်ပါ။
၁။ CalDAV-Sync ကို အင်စတော လုပ်ပြီး ဖွင့်ပါ။
၂။ Server name or URL မှာ “calendar.icloud.com” လို့ ဖြည့်ပေးပါ။
၃။ Username နဲ့ Password မှာ Apple ID နဲ့ Password ကို ဖြည့်ပေးပါ။ ပြီးရင် Next နှိပ်ပါ။
၎။ Sync ပြုလုပ်ချင်တဲ့ Calendar များကို ရွေးချယ်ပေးပြီး Finish ကိုနှိပ်ပါ။

ဒါဆိုရင် iCloud Calendar ကို Android ရဲ့ Calendar App မှာ အသုံးပြုနိုင်ပါပြီ။

အခမဲ့ App ကို အသုံးပြုချင်ရင် Caldav Sync Free Beta ကို အသုံးပြုနိုင်ပါတယ်။ App ကို အင်စတော လုပ်ပြီးရင် Settings ထဲမှ Accounts အောက်မှာ Caldav Sync Adapter ကိုတွေ့မြင်နိုင်ပြီး Calendar များ Sync လုပ်နိုင်ပါတယ်။

Notes
---------
Apple ရဲ့ Notes App မှ မှတ်စုများကို Android Phone မှာ အသုံးပြုချင်ရင်တော့ အလွယ်လေးပါ။ Apple Computer မှ System Preferences ကိုဖွင့်ပါ။ Internet Accounts ကိုနှိပ်ပြီး Android Phone မှာ အသုံးပြုနေတဲ့ Google Account ကိုရွေးချယ်ပေးပါ။

အဲဒီမှာ Sync ပြုလုပ်နိုင်တဲ့ အရာများစွာရှိပါတယ်။ Notes ကိုရွေးချယ်ပေးရင် Notes App မှ မှတ်စုများ ကို Android Phone မှာ အသုံးပြုနိုင်ပါပြီ။ Android Phone မှာ မှတ်စုများကို ကြည့်ဖို့ အတွက် Gmail App ထဲမှာ Notes ဆိုတဲ့ Label ပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။ မှတ်စုများကို Gmail ထဲမှာ ၀င်ကြည့်ရ တာကတော့ သိပ်ပြီး အဆင်မပြေလှပါဘူး။

ဒီနည်းကို အသုံးပြုခြင်းရဲ့ အားနည်းချက်ကတော့ ဖုန်းမှာ မှတ်စုများကို Edit ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Android မှာ iNotes ($ 2.99) ကို အသုံးပြုနိုင်ပါတယ်။ 

နောက်တစ်နည်းက iDevice မှာ Apple ရဲ့ Notes App ကို မသုံးဘဲ Device အားလုံးမှာ မှတ်စုများ Sync လုပ်ပေးနိုင်တဲ့ Evernote ကို အသုံးပြုနိုင်ပါတယ်။

Reminder
-------------
Apple ရဲ့ Reminders App မှာ အလုပ်ကိစ္စများ မှတ်သားထားသူများအတွက် Android မှာ အဲဒီ အလုပ် ကိစ္စများကို ဖတ်ရှုနိုင်ဖို့ Sync ပြုလုပ်ပေးနိုင်တဲ့ App များစွာ ရှိပါတယ်။ CalDAV-Sync or SmoothSync ကို အသုံးပြုသူများက အဲဒီ Developer များကပဲ ဖန်တီးထားတဲ့ Tasks (Free) ကို ထပ်မံ အသုံးပြုလိုက် တာနဲ့ အဆင်ပြေပြီဖြစ်ပါတယ်။ 

Tasks မှာ စွမ်းဆောင်ချက်အပိုများမပါရှိဘဲ Mac, iPad, iPhone ရှိ Reminders App မှ အလုပ်ကိစ္စများ ကို Android မှာ Sync လုပ်ဖို့ ရည်ရွယ် ထားတာဖြစ်လို့ ရိုးရှင်းပါတယ်။ နောက်ပြီး Tasks ကို အခမဲ့ အသုံးပြုနိုင်တာက ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။

CalDAV-Sync or SmoothSync ကို အသုံးမပြုသူများအတွက် Reminder for iCloud/iOS/iPhone ($2.99) ကို အသုံးပြုနိုင်ပါတယ်။ စွမ်းဆောင်ချက်ကတော့ Tasks နဲ့ အတူတူပဲဖြစ်ပါတယ်။

နိဂုံး

iCloud မှ Email, Contacts, Calendars နဲ့ အခြား ဒေတာများကို Android မှာ အသုံးပြုဖို့ အတွက် အပေါ်မှ Apps များနဲ့ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ အချိန်အနည်းငယ် ပေးရမှာ ဖြစ်ပေမယ့် iDevice ရော ၊ Android ပါ အသုံးပြုသူများအတွက် အသုံးဝင်ပါတယ်။


Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...