Bookmarklet များကို Device များမှာ အသုံးပြုနည်း
Bookmarklet များကို Web Browser များမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Bookmarklet များကို တစ်ချက်နှိပ်ရုံနဲ့ လက်ရှိ ရောက်ရှိနေတဲ့ Web Page မှာ အလုပ်များ လုပ်ပေးနိုင်ပါတယ်။ တစ်နည်း အားဖြင့် Web Browser မှာ စွမ်းဆောင်ချက်များထည့်သွင်း အသုံးပြုတာဖြစ်ပါတယ်။ Bookmarklet များဟာ Extension များနဲ့ ဆင်တူပေမယ့် Extension များကို အထောက်အပံ့ ပေးခြင်းမရှိတဲ့ Mobile Browser များမှာတောင် အသုံးပြုနိုင်ပါတယ်။ Bookmarklet များကို Bookmarks မှတ်သားနိုင်တဲ့ Browser တိုင်းမှာ အသုံးပြုနိုင်ပါတယ်။
Bookmarklet ဆိုတာ
------------------------
Bookmarklet ဆိုတာ Bookmark တစ်ခုဖြစ်ပေမယ့် Web Address အစား Java Script Code ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Bookmarklet ကို နှိပ်ရင် လက်ရှိကြည့်နေတဲ့ Web Page မှာ Java Script Code ကို Run ပေးမှာ ဖြစ်ပါတယ်။
လက်ရှိကြည့်နေတဲ့ Web Page မှာ တစ်စုံတစ်ခု ပြုလုပ်ဖို့ Bookmarklets များကို အသုံးပြုနိုင်ပါတယ်။ ဥပမာ အားဖြင့် Twitter, Facebook, Google Plus, LinkedIn, Pocket, LastPass စတဲ့ Web Service များအတွက် Bookmarklet များရှိပါတယ်။ အဲဒီ Bookmarklet တစ်ခုကို နှိပ်ရင် လက်ရှိကြည့်နေတဲ့ Web Page ကို သက်ဆိုင်ရာ ၀န်ဆောင်မှုမှာ Share လုပ်နိုင်မှာ ဖြစ်ပါတယ်။
Web Service များမှာသာ Bookmarklet ကို အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ Web Page တစ်ခုရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းလဲဖို့ ၊ ကြော်ညာတွေကို ဖျောက်ပစ်ဖို့ အတွက်လည်း သုံးနိုင်ပါတယ်။ ဖောင့် အရွယ်အစား ကို ပြောင်းလဲဖို့ ၊ ဓါတ်ပုံများကို ဖယ်ရှားဖို့ ၊ အခြား Content များကို ထည့်သွင်းဖို့လည်း သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Bookmarklet ကို အသုံးပြုပြီး ****** များသာမြင်ရတဲ့ Passwords များကို ကြည့်နိုင်ပါတယ်။
Bookmarklet များဟာ Browser Extension များလို နောက်ကွယ်မှာ Run နေပြီး ဘရောက်စာကို လေးလံခြင်းမရှိပါဘူး။ Bookmarklet များဟာ မနှိပ်မချင်း ဘာမှ မလုပ်ကြပါဘူး။
Bookmarklet များဟာ Bookmark System ကိုပဲ အသုံးပြုကြတဲ့အတွက် Extension များအသုံးပြုလို့မ ရတဲ့ မိုဘိုင်းဘရောက်စာများမှာပါအသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် iPad ရှိ Safari ဘရောက်စာမှာ Pocket Bookmarklet ကို အသုံးပြုနိုင်ပြီး Web Page များကို Pocket မှာ သိမ်းနိုင်ပါတယ်။ Safari ဟာ Browser Extension များကို အထောက်အပံ့မပေးပါဘူး။ Apple ရဲ့ iOS ကလည်း Android မှာလို Share စွမ်းဆောင်ချက်မပါပါဘူး။ အဲဒီအတွက် Apple Device များမှာ Web Page များကို Pocket မှာ သိမ်းချင်ရင် Bookmarklet ကိုသာ အသုံးပြုရမှာပါ။ Password Manager ဖြစ်တဲ့ LastPass ရဲ့ Bookmarklet ကိုလည်း iPad ရှိ Safari မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Bookmarklet များကို ဘယ်မှာ ရှာရမလဲ ?
-----------------------------------------------
ဝန်ဆောင်မှုတစ်ခုရဲ့ Bookmarklet ကို သုံးချင်ရင် အဲဒီဝန်ဆောင်မှု ၀က်ဆိုက်မှာ ရှာဖွေနိုင်ပါတယ်။ Twitter, Facebook, Pocket တို့မှာ Bookmarklet များကို ရယူနိုင်ဖို့အတွက် သီးခြား Web Page များပြုလုပ်ပေးထားပါတယ်။
Bookmarklet များဟာ Programs များလိုမဟုတ်ဘဲ Code အနည်းငယ်ပါရှိတဲ့ အရာလေးသာ ဖြစ်ပါ တယ်။ အဲဒီအတွက် Bookmarklet များကို သက်ဆိုင်ရာ ၀န်ဆောင်မှု ရဲ့ဝက်ဆိုက်မှာသာမက အခြား ၀က်ဆိုက်များစွာမှ ရယူအသုံးပြုနိုင်ပါတယ်။ Bookmarklet များကို အင်စတော လုပ်ခြင်းဟာ စာအနည်း ငယ်ကို ကော်ပီကူးယူလိုက်တဲ့ သဘောပါပဲ။
ဥပမာအားဖြင့် “reveal password bookmarklet” လို့ Google Search မှာ ရှာလိုက်ရင် Password ကို ပြပေးမယ့် Bookmarklet များကို ရရှိနိုင်ပါတယ်။ အင်တာနက်မှာ အသုံးဝင်တဲ့ Bookmarklet များစွာကို ရှာဖွေရယူနိုင်ပါတယ်။
Bookmarklet တစ်ခုကို အင်စတော ပြုလုပ်နည်း
------------------------------------------------------
Bookmarklet ကို အင်စတော လုပ်ရတာ လွယ်ကူပါတယ်။ Web Page တစ်ခုပေါ်မှ Bookmarklet အပေါ်ကို Mouse Cursor တင်ကြည့်ရင် “ javascript:” နဲ့ စတဲ့ ကုဒ်အချို့ကိုတွေ့ရမှာဖြစ်ပါတယ်။
Bookmarklet ကို Drag & Drop လုပ်ပြီး Browser Bookmark or Favorites Toolbar ပေါ်ကို ဆွဲ တင်ပြီး အင်စတော လုပ်ရမှာ ဖြစ်ပါတယ်။ Chrome နဲ့ Internet Explorer တို့မှာ Ctrl+Shift+B ကို နှိပ်ပြီး Bookmark Toolbar ကို ဘရောက်စာမှာ ပေါ်အောင် လုပ်နိုင်ပါတယ်။ Firefox မှာတော့ Toolbar ပေါ်မှာ Right Click နှိပ်ပြီး Bookmarks Toolbar ကို နှိပ်ပါ။
Bookmarklet များကို အင်စတော လုပ်ဖို့ နောက်တစ်နည်းက ကုဒ်များကို ကော်ပီကူးခြင်း ဖြစ်ပါတယ်။ Bookmarklet ဟာ လင့် တစ်ခုဆိုရင် Right Click ဒါမှမဟုတ် လင့်ပေါ်ကို ဖိထားခြင်းဖြင့် ကုဒ်များကို Clipboard မှာ ကော်ပီကူးနိုင်ပါတယ်။
ပြီးရင် ဘရောက်စာ ရဲ့ Bookmark Manager ကိုဖွင့်ပြီး Bookmark တစ်ခု Add ပါ။ ကော်ပီကူးထားတဲ့ Java Script Code ကို Location Box မှာ Paste လုပ်ပါ။ Bookmarklet ကို နာမည်ပေးပြီး သိမ်းဆည်း ပါ။
Bookmarklet ကို အသုံးပြုနည်း
-----------------------------------
ဘရောက်စာမှာ Bookmark Toolbar ကို Enable လုပ်ထားရင် Bookmarklet ကို အသုံးပြုရတာလွယ် ကူပါတယ်။ Bookmarklet ကို တစ်ချက်နှိပ်လိုက်တာနဲ့ အသုံးပြုနိုင်ပါပြီ။
Bookmark Toolbar မရှိတဲ့ iPad မှ Safari လိုမျိုး၊ မိုဘိုင်း ဘရောက်စာလိုမျိုးမှာ Bookmarklet ကို အသုံးပြုဖို့အတွက် အောက်ကနည်းများအတိုင်းပြုလုပ်ပါ။
Safari မှာ ဆိုရင် Bookmark ကိုနှိပ်ပါ။ အသုံးပြုချင်တဲ့ Bookmarklet ကို တစ်ချက်နှိပ်ပါ။
Mobile Chrome မှာ ဆိုရင် Location Bar ကနေ Bookmarklet ကို အသုံးပြုရမှာပါ။ Location Bar ကို တစ်ချက်နှိပ်ပြီး Bookmarklet ကို နာမည်ဖြင့် ရှာဖွေပါ။ ရှာတွေ့ရင် Bookmarklet ကို တစ်ချက်နှိပ်ပါ။
Bookmarklet ကို မိုဘိုင်း ဘရောက်စာမှာ အသုံးပြုနိုင်ဖို့ Desktop Browser မှာ Bookmarklet ကို အရင် အင်စတော လုပ်ထားပြီး Bookmarks များကို Sync လုပ်ထားရပါမယ်။
အခြား မိုဘိုင်း ဘရောက်စာများမှာလည်း Location Bar ကို အသုံးပြုပြီး Bookmarklet ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
Bookmarklet များဟာ ဘရောက်စာမှာ စွမ်းဆောင်ချက်များ ထည့်သွင်းပေးနိုင်တဲ့ Extension များလိုပါ ပဲ။ ဒါပေမယ့် Extension များလိုတော့ ဘရောက်စာကို လေးလံစေခြင်းမရှိပါဘူး။ ဒါ့အပြင် မိုဘိုင်း ဘရောက်စာများမှာပါ သုံးနိုင်တဲ့အတွက် အသုံးဝင်ပါတယ်။
သူရ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)