iCloud သုံးစွဲသူများ password ပြောင်းလဲထားကြရန် Apple တိုက်တွန်း



Apple iCloud သုံးစွဲသူများ၏ iDevice ဖြင့် lock ပြုလုပ်ပြီး ငွေကြေးတောင်းယူ တိုက်ခိုက်နေမှု များကြောင့် password များပြောင်းလဲထားကြရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။

ဝေးလ်တောင်ပိုင်းရဲနှင့် Stay Smart အွန်လိုင်းအစိုးရတို့က Find my iPhone feature ကိုအသုံးပြုကာ ဖုန်းများ ကို lock ပြုလုပ်ပြီး ဟက်ကာများ account များသို့ထိုးဖောက်ဝင်ရောက် ခဲ့သောကြောင့် password များပြောင်းလဲထားကြရန် တိုက်တွန်းခဲ့ကြသည်။ ဟက်ကာများ၏ပစ်မှတ်အများစုမှာ သြစတြေးလျလူမျိးများ ဖြစ်ပြီး ၎င်းတို့က သုံးစွဲသူ၏ဖုန်းများ ပြန်လည်ဖွင့်လိုပါက Paypal မှတဆင့် ဒေါ်လာ ၁၀၀ နှင့်အထက် ပေးချေရန် တောင်းဆိုခဲ့သည်။ Find my iPhone feature သည်အွန်လိုင်းမြေ ပုံတွင် iDevice များကိုတည်နေရာ အတိအကျရှာဖွေကာ ဖုန်းများ lock ပြုလုပ်နိုင်သည်။ အဆိုပါ feature ကိုပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရသည့် Apple ထုတ်ကုန်များကို ရှာဖွေရာတွင် အသုံးပြုလေ့ရှိပြီး ထုတ်ကုန်များကို unlock ပြုလုပ်လုပ်ပါက အချက်အလက်များ ဖျက်ပေးမည်ဖြစ်သည်။

iCloud account များထဲသို့ ဟက်ကာများမည်သို့ ဝင်ရောက်ခဲ့သည်ကို မသိရှိရသေးသော်လည်း Apple က ၎င်းတိုက်ခိုက်မှုသည် လုံခြုံရေး အားနည်းချက်ကြောင့် ဖြစ်ပေါ်လာသည်ဟု မမှတ်ယူသင့်ကြောင်း ပြောဆိုခဲ့ သည်။ သို့သော်လည်း တရားမဝင် လုပ်ငန်းလုပ်ကိုင်သူများသည် password တစ်ခုတည်းဖြင့် အွန်လိုင်း ဝန်ဆောင်မှု အမျိုးမျိုး အသုံးပြုနေသည့် လူများ၏ password နှင့် email လိပ်စာ စာရင်းကို ရယူထားသည်ကို တွေ့ရှိရကြောင်း သိရသည်။


စိုးထက်
Ref: SMH
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...