လူကိုတိုက်ရိုက် ကူးစက်စေခဲ့သော မားစ် (MERS) ရောဂါကို တိရစ္ဆာန်တွင် တွေ့ရှိပြီ


Health Updates Journal No. 122

ဆော်ဒီအာရေးဗီးယားနိုင်ငံကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ မားစ်ရောဂါဗိုင်းရပ်ဟာ ကန္တာရနေ ကုလား အုတ်များ မှတစ်ဆင့် လူကိုကူးစက်ခဲ့ တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီ MERS ရောဂါရဲ့ နာ မည်ကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါစု (middle east resp-iratory syndrome) ဖြစ်ပြီး ဗိုင်းရပ်ပိုး ကနေတစ်ဆင့် ကူးစက်တာပဲဖြစ်ပါတယ်။
 
အရှေ့အလယ်ပိုင်းဒေသရှိ ဆော်ဒီတစ်နိုင်ငံတည်းမှာကို ၂၈၂ ယောက် သေဆုံးခဲ့ပြီး ၆၈၈ ယောက် ကူးစက်ခံနေရဆဲဖြစ်ပါတယ်။

ယခု ဖော်ထုတ်တွေ့ရှိမှုဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ သေဆုံးခဲ့တဲ့ ကုလားအုတ် ၉ကောင် ပိုင်ဆိုင်တဲ့ အသက် ၄၄နှစ်အရွယ် ဆော်ဒီအမျိုး သားတစ်ဦးရဲ့ရုပ်ကြွင်းကို ပြန်လည် စစ်ဆေးနိုင်မှုကြောင့်လည်း ပေါ် ထွက်လာတာဖြစ်ပါတယ်။ အဆိုပါအမျိုးသားရဲ့ မိတ်ဆွေများက အဲဒီအမျိုးသားဟာ သူ့ရဲ့နှာခေါင်းရယ်၊ နေမကောင်းဖြစ်နေတဲ့ ကုလားအုတ်တွေရယ်ကို ရိုးရာတိုင်းရင်းဆေးတွေ အသုံးပြုနေတာကို တွေ့ရှိခဲ့ ရကြောင်း၊ ၇ရက်အကြာမှာ သေဆုံးခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်တွေကို ဖြေဆိုခဲ့ပါတယ်။

ဆောဒီဘုရင့် တက္ကသိုလ်မှ သုတေသီ Tariq Madani က““သုတေသနရလဒ်များနဲ့ ကွင်းဆင်းစစ်တမ်း ကောက်ယူမှုများအရ မားစ်ရောဂါဟာ ပိုးကူးစက်နေတဲ့ ကုလားအုတ်မှ လူသားကို ထိတွေ့ကူးစက်မိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လူအများသို့ ကူးစက်သွားတာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်”” လို့ ပြောကြားထားပါတယ်။ တွေ့ကြုံနေရတဲ့ အခက်အခဲကတော့ ကုလားအုတ်တွေကနေ လူသားတွေကို ဘယ်လောက် ကူးစက်နိုင်သလဲ ဆိုတဲ့ အချက်ရယ်၊ ကုလားအုတ်များကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတဲ့ အချက်ပဲ ဖြစ်ကြောင်း ၄င်းက ထောက်ပြထားပါတယ်။

မားစ်ရောဂါဟာ ၂၀၀၃ခုနှစ်က အာရှတိုက်မှာ ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၈၂၇၃ ဦးကို ကူးစက်စေခဲ့တဲ့ ဆားစ်ရောဂါလိုပဲ ချောင်းဆိုးခြင်း၊ အသက်ရှူရတာ အခက်အခဲဖြစ်ခြင်း၊ ကိုယ်ပူခြင်းတွေကို ခံစားရပေ မယ့် မတူတဲ့အချက်ကတော့ လျင်မြန်စွာ ကျောက်ကပ်ပျက်စီးစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ဒီတွေ့ရှိမှုကို New England Journal of Medicine မှာ ဖော်ပြထားတာဖြစ်ပါတယ်။


ငြိမ်းအေး
ref;PTI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...