Miss တစ်ယောက်အတွက် ရှိသင့်တဲ့အရည်အချင်းတွေထဲမှာ အရေးအကြီးဆုံးက စိတ်ဓာတ်လို့ ဆိုသွားတဲ့ ခါးနံပါတ် ၆ ပိုင်ရှင် ဇွန်သံစဉ်


စန္ဒီ on 2014-06-16 10:49

လာမယ့် ဇူလိုင်၂၆ရက်နေ့မှာ ကျင်းပတော့မယ့် Miss Myanmar Universe ဖိုင်နယ်ပွဲမှာ ဆုရရှိဖို့ အကောင်းဆုံး ကြိုးစားနေသူ တစ်ယောက်ဖြစ်တဲ့ ဇွန်သံစဉ်ကို miss myanmar universe ပွဲနဲ့ ပတ် သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ သူမက“ညီမ ဒီmiss myanmar universe ပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက် ကတော့ ညီမနိုင်ငံ ကိုယ်စားပြုနိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက် အရမ်းဖြစ်ချင်ပါတယ်။ အဲဒါကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ ညီမဘက်ကအများကြီး ကြိုးစားထားပါတယ်။ မျှော်လည်းမျှော်လင့် ထားပါတယ်။ ညီမဘက်ကလည်း အဲဒီ့အပေါ်မှာ အကောင်းဆုံးဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။ ညီမ miss myanmar international ဝင်ပြိုင်တုန်းကတော့ ဘာသာစကားနဲ့ ပတ်သက်ပြီး လေ့လာဖြစ်ခဲ့ပါ တယ်။ miss myanmar international ပြိုင်ပွဲပြီးတော့ ကြားထဲမှာ နားလိုက်သေးတယ်။ အခုဒီ miss myanmar universe ပွဲကိုဝင်ပြိုင်ဖြစ်တာဆိုတော့ ဘာသာစကားကို ထပ်ပြီး လေ့လာဖြစ်ပါတယ်။ အခုဒီပြိုင်ပွဲမှာက swimsuit ဝတ်ပြီးပြိုင်ရမှာဆိုတော့ ညီမရဲ့ body ပိုင်းကိုသေချာလေး ထိန်းထားပါ တယ်”တဲ့။



Miss တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကိုလည်း သူမက “ညီမအတွက်ကတော့ အရေးကြီးဆုံးက စိတ်ဓာတ်ပါ။ စိတ်ဓာတ်ပြီးမှ ကျန်တာကတော့ သူ့ရဲ့အလှတရားတွေပါ။ အရေးကြီးဆုံး က စိတ်ထားဖြူစင်ဖို့လို့ ထင်ပါတယ်။ ညီမရဲ့ရှေ့က senior miss တွေကိုလည်း ညီမအရမ်းအားကျပါ တယ်။ သူတို့လိုဖြစ်ချင်ပါတယ်။ miss universe myanmar ပြိုင်ပွဲကိုလည်း ကြည့်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ညီမရဲ့talent ပိုင်းနဲ့ ပတ်သက်ပြီး ညီမက အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်မှာ တက်နေတဲ့ သူဆိုတော့ မြန်မာအကကို ကောင်းကောင်းကတတ်ပါတယ်။ ညီမရဲ့ talent ကိုမြန်မာအကနဲ့ ဖျေုာ်ဖြေ သွားဖို့ရှိပါတယ်။ ညီမက miss myanmar international တော့ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီ့မှာ 1st runner up ဆုကို ရရှိခဲ့ပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံမှာလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပြည်ပအတွေ့ အကြုံနဲ့ပတ်သက်ပြီးတော့ ညီမကိုရီးယားမှာပြိုင်ဖူးတာပဲရှိပါတယ်။ အဲဒီ့ကိုရီးယားပြိုင်ပွဲမှာ national cosume မြန်မာ့ရိုးရာ ဝတ်စုံဆုကို ရရှိခဲ့ပါတယ်။ တကယ်လို့ ဆုရခဲ့မယ်ဆိုရင် ညီမကတော့ အကောင်း ဆုံးကြိုးစားသွားမယ်။ ဒီမြန်မာနိုင်ငံအတွက် လိုအပ်တာတွေကို ဖြည့်ဆည်းသွားမယ်။ ပြီးတော့ ပရဟိတ အလုပ်တွေ လုပ်ဖြစ်သွားမယ်။ နိုင်ငံကိုယ်စားပြုတဲ့ miss ကောင်းတစ်ယောက်အနေနဲ့ပဲ ဆက်လက် ရပ်တည်သွားမှာပါ”လို့ သူမက ဖွင့်ဟခဲ့ပါတယ်။


Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...