တက္ကသိုလ်ဝင်တန်း မအောင်မြင်ထားသူများ National Diploma in Computing ကို ပြည်တွင်း၌ တက်ရောက်နိုင်



တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးသူများ၊ ကိုးတန်းအောင် မြင်ပြီးသူများ Pearson Group မှ ပေးအပ်ချီးမြှင့်မည့် QCF Level 3 အဆင့်ရှိ National Diploma in Computing (UK) ကို Gusto Institute of IT တွင် တက်ရောက်သင်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် IT/ Computing နှင့်ဆိုင်သော Programming, Database, Networking, Design စသည့် ဘာသာရပ်များအပြင် ယူကေတက္ကသိုလ်များကို ဝင်ရောက်သည့်အခါ အဆင်သင့်ဖြစ်နေစေရန် အင်္ဂလိပ်စာကိုပါ ထည့်သွင်းသင်ကြားပေးသွားမည် ဖြစ်သည်။ စာသင်ကာလ ၁၀ လ တက်ရောက်သင် ယူရမည်ဖြစ်ပြီး နိုင်ငံတကာ စာသင်ကြားမှု အတွေ့အကြုံသာမက IT Industry တွင် လုပ်ငန်းအတွေ့ အကြုံရှိသော ဆရာ၊ ဆရာမများဖြင့် လက်တွေ့လုပ်ကိုင်နိုင်မှုအတွက် အဓိကထားပြီး သင်ကြားပေး သွားမည် ဖြစ်သည်။

တက်ရောက် အောင်မြင်ပါက ယူကေအစိုးရမှချမှတ်ထားသော QCF Level 5 ရှိသည့် HND Diploma in Computing (UK) ၏ ပထမနှစ်သို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ သြဂုတ် လတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အနည်းဆုံး ပညာအရည်အချင်းအနေဖြင့် ၉ တန်း အောင်မြင်ထားရ မည်ဖြစ်၍ အသက် ၁၆ နှစ်ပြည့်ပြီးသူများ တက်ရောက်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် Gusto Insitute of IT ဖုန်း -၅၀၃၇၁၅၊ ၀၉၈၆၂၈၈၀၆ သို့ ဆက် သွယ်မေးမြန်း တက်ရောက်နိုင်သည်။


သန္တာ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၄)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...