DeBoer မိသားစုဖောင်ဒေးရှင်းမှ ရာနှုန်းပြည့် ပညာသင်ဆု ပေးအပ်မည်


DeBoer မိသားစုဖောင်ဒေးရှင်းမှ ခေါင်းဆောင်မှု စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းအတွက် ရာနှုန်းပြည့် ပညာသင်ဆု ပေးအပ်မည်ဖြစ်ပြီး သြဂုတ်လ ၁ ရက်နောက်ဆုံးထား လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပညာသင်ဆုကို လုပ်ငန်းနယ်ပယ် အသီးသီးတွင် အလယ်အလတ် ခေါင်းဆောင်များအဖြစ် ဆောင်ရွက်နေသူများ၊ Executive Level တွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိသူများ၊ NGO နယ်ပယ်တွင် လုပ်ငန်းခွင်ဝင်နေသူများ၊ နိုင်ငံရေးနယ်ပယ်မှသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး အင်္ဂလိပ်စာ အရည် အချင်း အနေဖြင့် အသင့်အတင့်တတ်ကျွမ်းရန်သာ လိုအပ်သည်။

သင်တန်းကို ပြည်တွင်းတွင်သာ တက်ရောက်ရမည်ဖြစ်ပြီး စီမံအုပ်ချုပ်မှု (Management)၊ လူ့စွမ်းအား အရင်းအမြစ် (Human Resources)၊ ဈေးကွက်ရှာဖွေခြင်း (Marketing)၊ အဆိုပြုလွှာရေးသားခြင်း (Proposal Writing)၊ အသက်မွေးဝမ်းကျောင်းမှု အစီအစဉ်ရေးဆွဲခြင်း (Career Planning) ၊ လုပ်ငန်း စွမ်းဆောင်ရည် တည်ဆောက်ခြင်း (Capacity Building)၊ ထင်သာမြင်သာရှိမှု (Transparency)၊ သိက္ခာရှိမှု (Integrity) ၊ အဖွဲ့အစည်းဆိုင်ရာ ထိရောက်မှုစွမ်းရည် (Organizational Effectiveness) များကို ၅ ရက်တာ သင်ကြားရမည်ဖြစ်သည်။

“ဒီပညာသင်ဆုကတော့ ဒုတိယအကြိမ်ပေးတာပါ။ အင်္ဂလိပ်စာအရည်အချင်း အများကြီးမလိုပါဘူး။ ပြည်တွင်းမှာပဲ သင်ကြားမှာပါ။ ပညာသင်ဆုကတော့ ၃၅ ယောက်ကို ပေးမှာပါ" ဟု DeBoer မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် www.deboerfellowship.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး info@deboerfellowship.com သို့ မေးလ်ပို့ဆက်သွယ်မေးမြန်းနိုင်သည်။


Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၄) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...