OS X Yosemite ကို Apple မိတ်ဆက်



ပြီးခဲ့သည့် ရက်အနည်းငယ်က Apple သည် Yosemite ဟုအမည်ရသည့် Mac OS X 10.10 နောက်ဆုံးဗားရှင်းကို ဆန်ဖရန်စ္စကိုမြို့၌ ကျင်းပခဲ့သော Worldwide Developers Conference တွင်မိတ်ဆက် ပေးခဲ့သည်။

ထို operating system တွင်အမြင်သစ်၊ ပြန်လည်ပြင်ဆင်ထားသော toolbar ၊ notification feature များနှင့် dark mode တို့ပါဝင်ကြောင်း ဆော့ဖ်ဝဲအင်ဂျင်နီယာ အကြီးတန်းဒုဥက္ကဋ္ဌ Craig Federighi က developer များကို ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်း OS ကို iMessage messaging, AirDrop file sharing မှတဆင့် Apple ၏ iOS မိုဘိုင်းစနစ်များနှင့်အတူ sync ပြုလုပ်နိုင်ပြီး ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ကာ ဖုန်းလက်ခံဖြေဆိုနိုင်သည်။ အရာအားလုံးကို တစ်နေရာတည်းအသုံးပြုနိုင်အောင် ပိုမိုအသုံးဝင်လာသော OS X 10.10 ဗားရှင်းသည် အကောင်း မွန်ဆုံး အရာတစ်ခုဖြစ်ကြောင်း Federighi ကပြောကြားခဲ့သည်။ Apple အနေဖြင့် လာမည့်စက်တင်ဘာလတွင် OS X ကိုအများပြည်သူထံသို့ ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။ သို့သော်လည်း Apple သည် public beta အစီအစဉ်အရ ယခုနွေရာသီတွင် ဖြန့်ချိမည့် ဆော့ဖ်ဝဲ စမ်းသပ်ဗားရှင်းအတွက် developer မဟုတ်သူများကိုလည်း sign up ပြုလုပ်ခွင့်ပြုခဲ့သည်။

Federighi သည် OS X 10.10 တွင်ပါဝင်သည့် feature များဖြစ်သော iCloud sync ပြုလုပ်နိုင်သည့် အရည် အချင်းသစ်နှင့် အီးမေးလ်မှ ဖိုင်အကြီးစားများကို Mail Drop တွင်ဝေမျှသည့်နည်းကိုလည်း ပြသပေးခဲ့သည်။ ထို့အပြင် Safari ပေါ်၌ plugin မလိုအပ်ဘဲ video streaming မြန်ဆန်စေသည့် နည်းလမ်းနှင့် tab feature အသစ်များကိုလည်း မိတ်ဆက်ခဲ့သည်။ Apple ၏ Mac လုပ်ငန်းသည် မိုဘိုင်းလုပ်ငန်းလောက် မကြီးမားသော် လည်း Apple အတွက်အရေးကြီးဆုံး အာရုံထားစရာ လုပ်ငန်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Apple သည် စွမ်းဆောင်ရည်မြင့် Mac Pro ကိုမိတ်ဆက်ခဲ့ပြီး Macbook အများအပြားတွင်လည်း Retina Display များ ထည့်သွင်း၍ ထုတ်လုပ်ခဲ့သည်။


စိုးထက်
Ref: CNET
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၂) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...