နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည့် MEXT College Scholarship



Japanese College of Technology တွင် တက်ရောက် သင်ကြားမည့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများကို Ministry of Education, Culture, Sprots, Science and Technology (MEXT) မှ MEXT College Scholarship ပေးအပ်လျက် ရှိသည်။ အဆိုပါ ပညာသင်ဆု အစီအစဉ်တွင် Japanese College of Technology မှဘွဲ့ရပြီးသူကို ဒီပလိုမာဘွဲ့ တစ်ခုနှင့် မိမိ လေ့လာသောဘာသာရပ်နှင့် ဆက်နွှယ်သော ဘွဲ့တစ်ခုကို ချီးမြှင့် ပေးသွားမည်ဖြစ်သည်။ ပညာသင်ဆု ချီးမြှင့်သည့်ကာလမှာ ကော လိပ်သို့ဝင်ရန် ကြိုတင်ပြင်ဆင်မှု တစ်နှစ် အပါအဝင် ၂၀၁၅ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ လေးနှစ် ကြာမြင့် မည် ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု အနေဖြင့် ဂျပန်ဘာသာ စကားဖြင့် ပြဋ္ဌာန်း ထားသော ဘာသာရပ်များကို လေ့လာရမည် ဖြစ်သည်။ ရေကြောင်းသွားလာမှုနှင့် ဆက်စပ်သော စက်မှုပညာကို အဓိကဘာသာရပ် အဖြစ် လေ့လာလိုသူများသည် သင်တန်းကာလ အနေဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ လေးနှစ်ခွဲ တက်ရောက်ရမည် ဖြစ်သည်။

လိုအပ်ချက်များ

၁၉၉၃ ခုနှစ်၊ ဧပြီလ ၂ ရက်နှင့် ၁၉၉၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်အကြားမွေးဖွားသူဖြစ်ရမည်။ နည်းပညာ ဆိုင်ရာ ဘာသာရပ်များ ကို လေ့လာသင်ယူနိုင်ရန် ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။ ရေကြောင်း သွားလာမှုနှင့် ဆက်စပ်သော စက်မှုပညာကို အဓိက ဘာသာရပ် အဖြစ် လေ့လာလိုသူများ အနေဖြင့် ရမှတ် ၀.၆ နှင့် အထက် ရရှိထားရမည်ဖြစ်ပြီး မျက်မှန်တပ်ဆင်သူ မဖြစ်ရပါ။

ရွေးချယ်ခံရသူများသည် ဂျပန်နိုင်ငံသို့သွားမည့် Student Visa ရှိထားရမည်ဖြစ်ပြီး မိမိနေထိုင်ရာ နိုင်ငံရှိ သံတမန်ရေးရာ mission အဖွဲ့မှ ထုတ်ပေးသော ဗီဇာဖြစ်ရမည်။ လျှောက်ထားသူသည် ဂျပန်နိုင်ငံ အစိုး ရနှင့် သံတမန်ရေးရာ ဆက်ဆံမှု ရှိသော နိုင်ငံတစ်နိုင်ငံတွင် နေထိုင်သူ ဖြစ်ရမည်။

ရွေးချယ်ခံရသူသည် နည်းပညာဆိုင်ရာ ကောလိပ်တစ်ခု ဘွဲ့ရပြီးသူဖြစ်ပါက နည်းပညာဆိုင်ရာ ကော လိပ် (သို့မဟုတ်) နည်းပညာ တက္ကသိုလ်တွင် တန်းမြင့်သင်ရိုးကို Junior သင်တန်းသားအဖြစ် တက်ရောက် ခွင့်ပြုမည် ဖြစ်သည်။ သင်တန်း ကာလကြာချိန်မှာ MEXT မှ သတ်မှတ်ထားသော အရည် အချင်းစစ် စာမေးပွဲအောင်မြင်မှု ရလဒ်အပေါ် မူတည်၍ ကြာမြင့်မည် ဖြစ်သည်။ Academic Degree နှင့် University Evaluation တို့မှ ချမှတ်ထားသော လိုအပ်ချက်များ အပေါ်တွင် ကျေနပ်မှုရှိပြီး သင်ရိုးအဆင့် ကို အောင်မြင်မည်ဆိုပါက အင်ဂျင်နီယာ ဘွဲ့အတွက် လျှောက်ထားနိုင်သည်။

ရွေးချယ်မှု ဆိုင်ရာစံ အရည်အသွေးများ လျှောက်ထားသူများ နေထိုင်ရာ နိုင်ငံတွင် ရှိသည့် ဂျပန်သံရုံးနှင့် အစိုးရတို့ ပူးပေါင်း ၍ လျှောက်လွှာစာရွက်ပါ အချက်အလက်များ စစ်ဆေးခြင်း၊ အရည်အချင်းစစ် စာမေးပွဲဖြေ ဆိုခြင်းများ လုပ်ဆောင်ပေးမည် ဖြစ်သည်။ လျှောက်ထားသူများသည် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များကို လေ့လာလိုပါက ဂျပန်ဘာသာ၊ အင်္ဂလိပ် ဘာသာ၊ သင်္ချာနှင့် ဓာတုဗေဒ ဘာသာရပ် များကို ဖြေဆိုရ မည် ဖြစ်သည်။ ပထမအဆင့် စစ်ဆေးမှုရလဒ်များကို ဂျပန်နိုင်ငံ ဆိုင်ရာ သံတမန်အဖွဲ့မှ သတ်မှတ်ထားသောနေ့တွင် အကြောင်းကြားပေးသွားမည် ဖြစ်သည်။

လျှောက်ထားရန် လိုအပ်သည့် အချက်အလက်များမှာ လျှောက်လွှာပုံစံ၊ သင်ယူလိုသော ဘာသာရပ်ဖြည့် စွက်မှု၊ ဓာတ်ပုံ၊ လွန်ခဲ့သည့် သုံးနှစ်မှ ပညာရေးမှတ်တမ်း၊ နောက်ဆုံး တက်ရောက်ခဲ့သော ကျောင်း မှ ကျောင်းအုပ်ကြီး ထောက်ခံချက်၊ ဘွဲ့လက်မှတ်၊ ဝင်ခွင့်အောင် လက်မှတ်၊ စာရင်းပေးသွင်းပြီးကြောင်း ထောက်ခံချက်၊ဆေးထောက်ခံချက်များ တင်ပြရမည်။ လျှောက်လွှာ လက်ခံမည့် နောက်ဆုံး သတ်မှတ် ရက်မှာ မိမိနေထိုင်ရာ နိုင်ငံအလိုက် ကွဲပြားမှုရှိပြီး မိမိနိုင်ငံတွင် ရှိသော ဂျပန်သံရုံး (သို့) ကောင်စစ်ဝန် ရုံးသို့ ဆက်သွယ်ရမည် ဖြစ်သည်။

ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းနိုင်မည့် လိပ်စာ 

http://www.scholarship-positions.com 


Internet Journal 
အတွဲ (၁၅)၊ အမှတ် (၂၂) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...