SD card ဖိုင်များအား encrypt ပြုလုပ်နိုင်သည့် Android Simplelocker ransomware ကို လုံခြုံရေး ကုမ္ပဏီတစ်ခု ရှာဖွေတွေ့ရှိ

Eset လုံခြုံရေးကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့သည့် Simplelocker ဟုခေါ်သည့် Trojan သည် tablet ကွန်ပျူတာများနှင့် ဟန်းဆက်များတွင် ထည့်သွင်း တပ်ဆင်ထားသည့် SD card များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ဖိုင်များကို encrypt ပြုလုပ်ပြီးနောက် decrypt ပြုလုပ်ရန် ငွေကြေးတောင်းခံကြကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် ရုရှားနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး decrypt ပြုလုပ်ရန်အတွက် ယူကရိန်းငွေကြေးဖြင့် တောင်းခံခဲ့ကြောင်း ဆိုသည်။
ကမ်းဘရစ်ခ်ျတက္ကသိုလ်မှ ဒေါက်တာ စတီဗင်မားဒေါ့ကမူ File-encrypting malware သည် ဒုစရိုက် သမားများ အတွက် အကျိုးအမြတ်များရရှိစေမည့် နည်းလမ်းဖြစ်ပြီး Android အပေါ်ပစ်မှတ်ထားတိုက် ခိုက် မှုများမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် စမတ်ဖုန်း သုံးစွဲသူများသည် operating system က အထောက်အပံ့ပေးထားသည့် application store မှသာ software များကို ထည့်သွင်းသင့်ကြောင်း၊ လုံခြုံရေးအားနည်းချက်နှင့် ပတ်သက်၍ security update များ ထည့်သွင်းကာ ကာကွယ်သင့်ကြောင်း မားဒေါ့က အကြံပြုခဲ့သည်။
Simplelocker ransomware ဖြင့် တိုက်ခိုက်ခံရသူသည် "ကလေး ညစ်ညမ်းဗီဒီယို ကြည့်ရှုခြင်းကြောင့် ဖုန်းမှ အချက်အလက်များကို encrypt လုပ်ထားကြောင်း" ဟု အဓိပ္ပာယ်ရသည့် message တစ်စောင် ရရှိခဲ့ကြောင်း၊ အဆိုပါ message တွင် ၎င်းအနေဖြင့် အချက်အလက်များကို decrypt လုပ်လိုပါက အမေရိကန်ဒေါ်လာ ၂၂ နှင့်ညီမျှသည့် ယူကရိန်းငွေကို ပေးချေရမည်ဟု ဖြစ်ကြောင်း၊ ငွေပေးချေပြီး ၂၄ နာရီအတွင်း အချက်အလက်အားလုံးကို decrypt လုပ်ပေးမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အချက် အလက်အားလုံးကို ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆလိုဗက်ကီးယား အခြေစိုက် Eset က ဖော်ပြခဲ့သည်။
-နောင်နောင်
Ref: BBC
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၂)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Amazon ဖုန်းတွင် 3D နည်းပညာ အသုံးပြုထားဖွယ်ရှိ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောက်သို့) Emotion UI Fonts Installer(v1.1) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ