Selfie အလွန်အကျွံ ရိုက်ကူးခြင်းသည် စိတ်ရောဂါ မဟုတ်ဟုဆို



Selfie အလွန်အကျွံရိုက်ကူးခြင်းသည် စိတ်ရောဂါဖြစ်ကြောင်း အမေရိကန်စိတ်ပညာ အဖွဲ့အစည်းက ပြောကြား ခဲ့ပြီးနောက် အဆိုပါ ပြောကြားချက်သည် မမှန်ကန်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။

သို့သော် Selfie အလွန်အကျွံ ရိုက်ကူးခြင်းသည် စိတ်ရောဂါ မဟုတ်ပါက selfie အများအပြား ရိုက်ကူး သည့် အမျိုးသမီးများအပေါ် သက်ရောက်နိုင်သည့် အပြုသဘော မဆောင်သည့် အပြုအမှုများ ဖြစ်ကြောင်း သိရှိ ရသည်။ Social media များတွင် Selfie ဓာတ်ပုံအများအပြား တင်ခြင်းသည် လူများကို စိတ်ညစ်ညူးစေကာ တင်သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ Jezebel ဝက်ဆိုက်မှ စာရေးသူ Erin Gloria Ryan က selfie အများအပြား ရိုက်ကူးမှုသည် အကူအညီတောင်းသည့် သဘောဖြစ်ပြီး ကိုယ့်ကိုယ်ကို လေးစားသည့် အပြုအမှုဖြစ်ကြောင်း ရေးသားခဲ့သည်။ အမျိုးသမီးများ အတွက် သတင်းများ ရေးသားလေ့ရှိသည့် Bustle ကလည်း selfie ရိုက်ကူးမှုသည် လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အပြုအမှုမဟုတ်ကြောင်း ချေပရေးသား ခဲ့သည်။

ထို့အပြင် Today ဝက်ဆိုက်၏ စစ်တမ်းတစ်ခုအရ selfie ရိုက်ကူးသူ အမျိုးသမီး ၆၅ ရာခိုင်နှုန်းကို စစ်တမ်း ကောက်ယူခဲ့ရာတွင် selfie ရိုက်ကူးခြင်းဖြင့် ယုံကြည်မှုများ ပိုမိုတိုးလာကြောင်း ပြောကြားခဲ့ကြ သည်။


စိုးထက်
Ref: TechCruch
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၁) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...