ကျန်းမာရေး စောင့်ကြည့်မှုများ ပြုလုပ်ပေးမည့် Simband ကို Samsung မိတ်ဆက်




ပြီးခဲ့သည့် ရက်အနည်းငယ်က Samsung သည် ဝတ်ဆင်နိုင်သည့် ထုတ်ကုန် အသုံးပြုသူများ အတွက် နှလုံးခုန် နှုန်းနှင့်သွေးပေါင်ချိန် စသည့် ကျန်းမာရေး စောင့်ကြည့်မှု ပြုလုပ်ပေးနိုင်မည့် ပုံစံကြမ်း hardware နှင့် open software သစ်ကို မိတ်ဆက်ခဲ့သည်။

အဆိုပါ Simband fitness band ဒီဇိုင်းတွင် sensor အစိတ်အပိုင်းသစ် ထည့်သွင်းထားကာ ၎င်း sensor ကို အနာဂတ်တွင် ထုတ်လုပ်မည့် ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များတွင် ထည့်သွင်းလာဖွယ် ရှိသည်။ ထို့အပြင် cloud ကို အခြေခံထားသည့် ဆော့ဖ်ဝဲ platform ကို Samsung Architecture for Multimodal Interactions သို့မဟုတ် SAMI ဟုခေါ်ဆိုပြီး ထုတ်ကုန်များအတွက် ဆန်းစစ်ထားသည့် Sensor အချက်အလက်များကို သိမ်းဆည်းပေးမည်ဖြစ်ကြောင်း သိရသည်။ Samsung \ sensor အသစ်များတွင် ပါဝင်သည့် အကြားအာရုံ၊ အမြင်အာရုံနှင့် လျှပ်စစ်ဆိုင်ရာများကို လေထဲသို့ ပို့လွှတ်၍ အာရုံခံနိုင်သောကြောင့် အသုံးပြုသူ၏ သွေးအတွင်းမှ glucose အဆင့်များကို ခြေရာခံပေးနိုင်သည်။

လူသားများ ကောင်းမွန်စွာ နားလည်သည့် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ခြင်းသည် လူသားမျိုးဆက်၏ အကြီးမားဆုံး အခွင့်အလမ်း တစ်ခုသာဖြစ်ကြောင်း၊ Samsung ၏ ရည်မှန်းချက်သည် တစ်ချိန်တွင် ခန္ဓာကိုယ် အကြောင်း များစွာ နားလည်သည့် sensor များ သုံးစွဲသူထံတွင် ရှိနေစေရန်ဖြစ်ကြောင်း Samsung နည်းဗျူ ဟာ အကြီးအကဲအရာရှိ Young Sohn က ဆန်ဖရန်စစ္စကိုမြို့ရှိ SFJazz စင်တာတွင် ပြုလုပ်သည့်ပွဲတွင် ပြောကြားခဲ့သည်။


-စိုးထက်
Ref: CNET
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၁) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...