SoundCloud ကို ဝယ်ယူရန် Twitter စီစဉ်နေဟုဆို

နာမည်ကျော် microblogging ဆိုက်ဖြစ်သည့် Twitter သည် သီချင်းနှင့် အသံဖိုင်များကို ဝေမျှပေးသည့် SoundCloud ကို ဝယ်ယူရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို Recode က ဖော်ပြချက်အရ သိရသည်။



ဘာလင်အခြေစိုက် SoundCloud သည် သုံးစွဲသူများက ဝက်ဘ်ပေါ်တွင် အသံဖိုင်များကို တင်ကာ ဝေမျှပေးနိုင်သည့် အခမဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုသူသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် သန်း ၂၅၀ ရှိခဲ့သည်။

အကယ်၍ Twitter အနေဖြင့် SoundCloud ကို ဝယ်ယူဖြစ်ခဲ့ပါက အဆိုပါ ဝယ်ယူမှုသည် Twitter အ တွက် အကြီးမားဆုံး ဝယ်ယူမှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ ယခုနှစ် အစောပိုင်းက ကုမ္ပဏီ၏ ထောက် ပံ့ငွေ ဒေါ်လာ သန်း ၆၀ ရှိပြီး ကုမ္ပဏီ၏ တန်ဖိုး ဒေါ်လာ သန်း ၇၀၀ ရှိကြောင်း SoundCloud က ကြေ ညာခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း Twitter က အများပိုင်အဖြစ်သို့ ပြောင်းလဲရန် စီစဉ်ခဲ့ ချိန် တွင် MoPub မိုဘိုင်းကြော်ငြာ ကုမ္ပဏီကို ဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့သည်။

SoundCloud ဝယ်ယူရန် ကြိုးပမ်းမှုသည် သုံးစွဲသူများအား သီချင်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဝေမျှခြင်းတို့ ပြုလုပ်နိုင်စေရန် Twitter ၏ ဒုတိယမြောက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့ သည့်နှစ်က Twitter သည် stand-alone Twitter Music app ကို ဖြန့်ချိခဲ့သော်လည်း မတ်လတွင် အဆိုပါ app အသုံးပြုခွင့်ကို Twitter က ရပ်ဆိုင်းခဲ့သည်။


-နောင်နောင်
Ref: re/code
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...