Special English (4) Skills and Presentation Class ကို ဇွန်လတတိယပတ်တွင် စတင်ဖွင့်လှစ်မည်

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ကျောင်း သား၊ကျောင်းသူများအတွက် အထူးရည်ရွယ်၍ Special English (4) Skills and Presentation Class ကို ဇွန်လတတိယပတ်တွင် စတင် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း River Samon Institute of Management (RSIM) သင်တန်းကျောင်းမှ သိရ သည်။
သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ အင်္ဂလိပ်စာကိုအခြေခံမှစ၍ လေ့လာလိုသူများ၊ မိမိ၏ အင်္ဂလိပ်စာ အရည်အသွေး ကို မြှင့်တင်လိုသူများ၊ အင်္ဂလိပ်စကားပြောနည်းကို ခေတ်မီနည်း စနစ် များဖြင့် သင်ကြားတတ်မြောက်လိုသူများ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်ကြီးများတွင် ပညာသွားရောက် သင်ကြားရန် ရည်ရွယ်ထားသူများ၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် အင်္ဂလိပ်စာကြို တင် ပြင်ဆင်လိုသူများ၊ အင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ အခက်အခဲဖြစ်နေသူများ၊ Grammar ကို နည်းစနစ်မှန်ကန်စွာဖြင့် တတ်မြောက်လိုသူများ၊ Listening Skill ပိုမိုကောင်းမွန်လိုသူများ၊ Email ရေး သားနည်းများ၊ Business English နှင့် သက်ဆိုင်သော ရုံးသုံးအင်္ဂလိပ်စကားများနှင့် ရင်းနှီးကျွမ်းဝင်လို သူများ၊ နိုင်ငံခြားသားများနှင့် ကောင်းမွန်စွာ ပြောဆိုတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်ဘာသာစကားကို နိုင်ငံတကာသင်ကြားမှုပုံစံဖြစ်သော Two-Way Communication ပုံစံဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး Project, VCD, Audio Aids စသည့် သင်ကြားမှုထောက်ကူပစ္စည်း ပြည့်စုံစွာဖြင့် အထူးလေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လူဦးရေကန့်သတ်ထားပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း-၀၉-၄၂၀၇၂၅၅၆၆၊ ၀၉-၇၃၀၉၄၀၆၀ သို့ ကြိုတင် စာ ရင်းပေးသွင်းနိုင်သည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၄)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)