Webster University တွင် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ကို သင်ယူနိုင်မည်
.png&container=blogger&gadget=a&rewriteMime=image%2F*)
နိုင်ငံတကာ ဆက်ဆံရေး IR (BA International Relation) ကို တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများသည် ထိုင်းနိုင်ငံ ဟွာဟင်မြို့ရှိ အမေရိကန်နိုင်ငံ အခြေစိုက်ဖြစ်သော Webster University တွင် တက်ရောက် သင်ကြားနိုင် မည်ဖြစ်ကြောင်း သိရသည်။
ဘွဲ့ဒီဂရီတန်းအတွက် ဝင်ခွင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင် ထားသူ GCE "O" Level/ IGCSE/ GCE "A" Level/ IB (International Bacculuate) မြန်မာနိုင်ငံ အစိုးရ တက္ကသိုလ်မှ IR ဘာသာရပ်ဖြင့် တက်ရောက်ဆဲ တက်ရောက်ပြီးသော ကျောင်းသား၊ ကျောင်းသူ များ၊ IR နှင့် ဆက်နွယ်သော ဘာသာရပ်များကို တက်ရောက်ထားသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည် ဖြစ်သည်။ အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက်အနေဖြင့် IELTS (6.0) သို့ TOEFL 550 ရှိရမည်ဖြစ်ပြီး ရမှတ်များမရှိပါက Webster University ၏ အင်္ဂလိပ်စာ English Placement Test (EPT) ကို MSI ရုံးခန်းတွင် ကြိုတင်စာရင်းပေးသွင်း၍ ဖြေဆိုနိုင်သည်။
၎င်းဘာသာရပ်ကို ၄ နှစ်တက်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် ကုန်ကျမည့်ကျောင်းလခမှာ ထိုင်းဘတ်ငွေ ၃၆၀, ၀၀၀၊ အမေရိကန်ဒေါ်လာ ၁၁,၂၅၀ ကျသင့်မည်ဖြစ်သည်။ BA International Relation ပြီးရင် ဘွဲ့လွန် တန်းဖြစ်သော MA International Relation ကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Webster University တွင် ပညာသင်ဆုအဖြစ် ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပြီး သင်ကြားမှုကာလမှာ ၁၅လကြာမြင့်မည်ဖြစ် သည်။ တက်ရောက်လိုသူများ အနေဖြင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှုရုံးခန်း အမှတ်-၂၃၄၊ ဒု တိယထပ် (ညာ)၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ၀၁-၃၈၉၉၁၅၊ ၀၁- ၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ ဆက်သွယ် မေးမြန်းနိုင်သည်။
သန္တာ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၄)
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)