မလေးရှားနိုင်ငံ Taylor’s University တွင် Interior Architecture ဘာသာရပ်ကို တက်ရောက်နိုင်



မလေးရှားနိုင်ငံ Taylor's University တွင် Interior Architecture ဘာသာရပ်ကို တက်ရောက်နိုင် မည်ဖြစ်ကြောင်း သိရသည်။

Foundation in Design ဘာသာရပ်ကို Taylor's တက္ကသိုလ်မှ ဆယ်တန်း အောင်မြင်ပြီးသော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ Foundation တန်းကို တစ်နှစ် ကြာ စတင်တက်ရောက်နိုင်ပြီး ဘွဲ့ ဒီဂရီတန်းဖြစ်သော Northumbria University (UK) မှ Bachelor of Arts (Hons) Interior and Spatial Design ကို အလုပ်သင်နှင့် Working Experiences (၆) လ အပါအဝင် သုံးနှစ်ခွဲကြာ သင်ယူနိုင် မည် ဖြစ်ကြောင်းသည်။

Interior Architecture ကို တက်ရောက်လိုသော မြန်မာနိုင်ငံမှ ကျောင်းသား/ သူများ၏ Foundation in Design (FID) တန်းအတွက် ဝင်ခွင့် သတ်မှတ်ချက်မှာ IGCSE (သို့) GCE "O" Level Grade C နှင့် အထက် (သို့) တက္ကသိုလ်ဝင်တန်းတွင် အနည်းဆုံး တစ်ဘာသာလျှင် ပျမ်းမျှ အမှတ် ၆၀ နှင့် အထက် အောင်မြင်ထားရမည် ဖြစ်သည်။ Foundation တန်းအတွက် Semester တစ်ခုကို ရက်သတ္တပတ် ၂၁ ပတ်ဖြင့် Semester နှစ်ခု သင်ကြားရမည်ဖြစ်ပြီး စာသင်နှစ်ဝက်နှစ်ခုစလုံးတွင် Module 6 ခုစီသင် ကြားရမည် ဖြစ်သည်။ ကျောင်းဖွင့် ချိန်ကာလမှာ ဇွန်၊ မတ်နှင့် ဇူလိုင် လများတွင် ဖြစ်ပြီး Bachelor of Arts (Hons) Interior Architecture တန်းအတွက် ပထမနှစ်တွင် Semester ၁ နှင့် ၂ ၊ ဒုတိယနှစ်တွင် Semester ၃ နှင့် ၄ ၊ တတိယနှစ်တွင် Semester ၅ နှင့် ၆ တို့ ဖြစ်ပြီး Semester တစ်ခုလျှင် ရက် သတ္တပတ် ၁၄ ပတ်သင်ကြားရမည် ဖြစ်သည်။ ဒုတိယနှစ်ပြီးပါက လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အထောက်အကူဖြစ်စေရန် Design Company များတွင် အလုပ်သင်နှင့် working experiences (၆လ) ဝင်ရောက် လုပ်ကိုင်နိုင်သည်။

ဝင်ခွင့် သတ်မှတ်ချက်မှာ GCE "A" level,South Australian Matriculation (SAM) နှင့် Canadian Pre University (CPU) အောင်မြင်ပြီးထားသောသူများ၊ Taylor's Foundation in Design (FID) (သို့) Foundation in Natural & Built Environment (FNBE), Taylor's Diploma in Interior Design (သို့) International Baccalaureate (IB) အောင်မြင်ပြီးသူများနှင့် မြန်မာနိုင်ငံအစိုးရ တက္ကသိုလ်မှ Interior နှင့် Architecture ကို ပထမနှစ်ပြီးမြောက် အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာ သတ်မှတ်ချက်မှာ IELTS (overall score 6.0), TOEFL (paper-based 550) (သို့) computer based 213 ရရှိထား ရမည် ဖြစ်သည်။ ၎င်းရမှတ်များမရှိသော ကျောင်းသား၊ ကျောင်းသူများ သည် Taylor'sတက္ကသိုလ်မှ English Placement Test (EPT) ကို ၀င်ရောက်ဖြေဆိုပြီး တက်ရောက်နိုင် သည်။ ကျောင်းဖွင့်ချိန် ကာလ မှာ ဖေဖော်ဝါရီနှင့် ဇူလိုင်လများတွင် ဖြစ်ပြီး လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းဖွင့်ချိန်ကာလထက်အနည်းဆုံး ၂ လစော၍ ကြိုတင် လျှောက် ထားရမည် ဖြစ်သည်။ လျှောက် ထားလိုပါက MSI ရုံးခန်း အမှတ် ၂၃၄၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာ (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့ စုံစမ်းမေးမြန်းနိုင်သည်။


Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၃) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...