PSB Academy တွင် အင်ဂျင်နီယာ ဘာသာရပ် တက်ရောက်မည့်သူများ ပညာသင်ဆု လျှောက်ထားနိုင်

စင်ကာပူနိုင်ငံရှိ PSB Academy မှလာမည့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လကျောင်းဖွင့်ချိန်တွင် တက်ရောက်မည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက် ပညာ သင်ဆုများပေးအပ်နေပြီ ဖြစ်ကြောင်း AT & S မှ သိရသည်။
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ကျောင်းဖွင့်ချိန် အတွက် PSB Academy တွင် သင်ကြားလျက် ရှိသော အင်ဂျင် နီယာဘာသာကို တက်ရောက်ရန် ရည်ရွယ်ထားသူများ အတွက် မြန်မာငွေကျပ် ၃၉ သိန်းခန့်နှင့် ညီမျှသော စင်ကာပူ ဒေါ်လာ ၅၀၀၀ ကို ပညာသင်ဆု အနေဖြင့် ပေးအပ်လျက်ရှိသည်။ သြဂုတ်လ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားသည့် နိုင်ငံတကာ ကျောင်းသားများ အားလုံးထဲမှ ထူးချွန်ကျောင်း သား ၅ ဦးကို ရွေးချယ် ပေးအပ်သွားမည် ဖြစ်ရာ မိမိ၏ ပညာရေးဆိုင်ရာ အထောက်အထားများနှင့် အတူဇူလိုင်လ ၃၁ ရက် မတိုင်ခင် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်းသိရသည်။
စီးပွားရေး ဆိုင်ရာ မာစတာဘွဲ့ ဒီဂရီကိုရယူလိုသူများ အတွက် Edinburgh Napier University ၏ Master of Science ဒီဂရီများကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ကျောင်းဖွင့်ချိန်တွင် တက်ရောက်ပါက ပညာသင်ဆု အနေဖြင့် စင်ကာပူဒေါ်လာ ၂၀၀၀ ကို လျှောက်ထားရယူနိုင်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက AT & S ဖုန်း-၀၁-၅၂၁၁၂၅၊ ၀၉-၅၁၂၄၇၆၁ ၀၉-၅၀၆၂၁၇၁ သို့ အသေးစိတ် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)